Pages

Friday, June 28, 2019

Big Bang အဖွဲ့ဝင်ဟောင်းဆန်းရီ၏အမှုကို အစိုးရရှေ့နေများထံ လွှဲပေး

Burning Sun စုံစမ်းစစ်ဆေးမှုတွင် စွဲချက်များ စွဲဆိုခံထားရသော Big Bang အဖွဲ့ဝင်ဟောင်းဆန်းရီ၏အမှုကို အစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့သည်ဟု ကိုရီးယားရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုအခါ ပိတ်သိမ်းထားပြီဖြစ်သည့် ဂန်နမ်အရပ်ရှိ Burning Sun ကလပ်သည်  လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ၊ မူးယစ်ဆေး ရောင်းဝယ်မှုနှင့် ပြည့်တန်ဆာအပါအဝင် ရာဇဝတ်မှုများစွာ လက်ခံဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ အဆိုတော်၊ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်ဆန်းရီသည် ကလပ်၏ စီမံခန့်ခွဲမှုတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သည်။



ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဆန်းရီသည် အလွဲသုံးစားလုပ်မှု၊ သက်သေအထောက်အထားဖျက်ဆီးမှု၊  sex trade နှင့်ပတ်သက်ပြီး ဥပဒေချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုနှင့် အစားအစာ သန့်ရှင်းရေးတို့နှင့် ဆက်စပ်သည့် စွဲချက်များနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
ဆန်းရီသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီအတွင်း ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ဂျပန်မှ စီးပွားရေးလုပ်ငန်းမိတ်ဆွေများအတွက် ပြည့်တန်ဆာရှာ ပေးခဲ့သည်ဟု သံသယဖြစ်ခံခဲ့ရသည်။ ဆန်းရီသည် ကိုယ်တိုင်အတွက်လည်း ပြည့်တန်ဆာ ရှာဖွေခဲ့သည်ဟု သံသယဖြစ်ခံခဲ့ရသည်။ သို့သော် ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်၌  ၂၀၁၇ ခုနှစ် ဒီဇင်ဘာကပြုလုပ်ခဲ့သည့် ゞင်း၏မွေးနေ့ပွဲတွင် ပြည့်တန်ဆာများ စီစဉ်ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များအတွက် သက်သေအထောက်အထားမတွေ့ရှိခဲ့ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆန်းရီ၏ စီးပွားရေးမိတ်ဖက်ဖြစ်သည့် Yuri Holdings ၏ ဥက္ကဋ္ဌဌဟောင်း Yoo In –suk သည်လည်း ပြည့်တန်ဆာမှုတွင် ပါဝင်ပတ်သက်မှုအတွက် ゞင်း၏အမှုအား အစိုးရ ရှေ့နေများဆီသို့ လွှဲပြောင်းပေးခဲ့သည်။

ဆန်းရီသည် ゞင်း၏စီးပွားရေးလုပ်ငန်းများမှ ဝမ် ၁.၁ ဘီလျံ ( စင်ကာပူဒေါ်လာ ၁.၃ သန်း) ခန့် အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ ゞင်းသည် ထောင်ဒဏ်နှစ်နှစ်မှ သုံးနှစ်အထိ ကျခံနိုင်ခြေရှိသည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။

ဆန်းရီသည် ယင်းအရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့ပြီးနောက် အနုပညာလုပ်ငန်းများမှ နုတ်ထွက်ကြောင်း မတ်တွင် ထုတ်ပြန်ခဲ့သည်။အသက် ၂၈ နှစ်အရွယ် ဆန်းရီသည် ゞင်း၏ရင်းနှီးမြှုပ်နှံမှု ပါဝင်သည်ဆိုသော Burning Sun နိုက်ကလပ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မိတ်ဆွေများပါဝင်သည့် group chat တစ်ခုတွင်  လိင်ဗီဒီယိုများ ဝေမျှမှု စွပ်စွဲချက်များအတွက် စုံစမ်းစစ်ဆေးခံခဲ့ရသည်။

No comments:

Post a Comment