Pages

Friday, June 7, 2019

ရခိုင်ပြည်နယ်ရှိ ငါးမြို့နယ်တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် နှစ်လထပ်တိုး

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက် တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို နှစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

]]နောက်ထပ်နှစ်လထပ်မံတိုးလိုက်တာ ဟုတ်ပါတယ်။ လုံခြုံရေးအရ စိတ်ချယုံကြည်ရတဲ့ အနေအထား မရှိသေးလို့ပေါ့""ဟု ၄င်းက ဒီမိုကရေစီတူဒေးသို့ ဇွန် ၃ ရက်က ပြောသည်။အဆိုပါငါးမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ၊ လမ်း သွယ်များ၊ လမ်းကြိုလမ်းကြားများ၊ ဥယျာဉ်ပန်းခြံများ၊ အများပြည် သူနှင့်ဆိုင်သောနေရာများတွင်သွားလာခြင်းကို တားမြစ်ထားခြင်း ဖြစ်ပြီး ဥပဒေကိုဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အ ညီ အရေးယူခံရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ဒဒပြည်သူတွေသိအောင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးတွေက ကြေညာမှာပေါ့ဒဒ ဟု ゞင်းက ဆက်လက်ပြောသည်။
အဆိုပါငါးမြို့နယ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထိ ခိုက်ကျဆင်းမှု မဖြစ်စေရေးနှင့် အုပ်ချုပ်ရေးယန္တရား ခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပ ဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ည ၉ နာ ရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါ မြို့နယ်ငါးမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၂ ရက်က စတင်၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး မသင်္ကာဖွယ်ရာများပြု လုပ်ပါက ပစ်ခတ်ဖမ်းဆီးခွင့်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီမိုကရေးစီတူဒေးသို့ ပြောထားသည်။ညမထွက်ရအမိန့်ကို နှစ်လထပ်တိုးသတ်မှတ်ထားပြီး ဩ ဂုတ် ၂ ရက်ထိဖြစ်သည်။ အလားတူ ARSA အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်လည်း ညနေ ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်မှာ ယခုအချိန်ထိဖြစ်သည်။

No comments:

Post a Comment