Pages

Monday, June 24, 2019

ကော့သောင်းမြို့တွင် စိတ်ကြွဆေး၊ လက်နက်နှင့်ကျည်များ ဖမ်းမိ

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ စိတ်ကြွဆေးပြားတွေနဲ့ လက်နက် ဖမ်းဆီးရမိတယ်လို့ ကော့သောင်း မူးယစ်တပ်ဖွဲ့စု (၃၄) ရုံးက ပြောပါတယ်။ မူးယစ်တပ်ဖွဲ့စု (၃၄)ကော့သောင်းမှ  တာဝန်ရှိသူတွေနဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး သတင်းအရ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဘိုးဘွားရိပ်သာလမ်း အိမ်အမှတ် (၄၄၅/အေ) နေ ပိုက်ဦးစိုးရဲ့နေအိမ်ကို မူးယစ်ဆေးဝါး ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေခဲ့ရာ ပိုက်ဦးစိုးကို မူးယစ်ဆေးတွေအပြင် ပစ္စတိုလုပ်သေနတ်၊ ဗို့ကျည်တွေနဲ့ ဖမ်းမိခဲ့တာပါ။


ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားရောင်းအမှုန့် ၁၂ ဂရမ်ပါ ၁ ခွက်၊ ၆ ဂရမ်ပါ ၁ ခွက် ဖုန်းတလုံး တွေ့ရှိခဲ့ရပြီး သစ်သားဘီရိုပထမအဆင့်မှ wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀ ပါ ၁၀ ထုတ်ရှိ အထုတ်ကြီး ၂၀ စုစုပေါင်း ၄၀၀၀၀ ခန့်၊ ဘိန်းစာမှုန့်လို့ ယူဆရတဲ့ အစိမ်းဝါရောင်းမှုန့် ၉၀ ဂရမ်လောက်ပါ ၁၁ ထုတ်၊ စုစုပေါင်း ၉၉၀ ဂရမ်လောက်နဲ့ ဘီရိုရဲ့ တတိယအဆင့်မှ ပစ္စတိုလုပ်သေနတ် (၁) လက်၊ ကျည်အိမ် ၁ ခု၊ ၃၈ ဗို့ကျည်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ ပိုက်ဦးစိုးကို ကော့သောင်းမြို့မ ရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထား တယ်လို့ မူးယစ်တပ်ဖွဲ့စု ၃၄ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

No comments:

Post a Comment