မန်ချက်စတာယူနိုက်တက် အသင်းဟာ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ ဆာကာကို ကနဦးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပဲလေ့စ်အသင်းဘက်က ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ ညာနောက်ခံလူ နေရာအတွက် ဝမ်ဘစ်ဆာကာကို အရခေါ်ယူနိုင်ဖို့ ဆုံးဖြတ်ထားတာကြောင့် နောက်ထပ် ကမ်းလှမ်းမှုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အင်္ဂလန် ယူ ၂၁ ညာနောက်ခံလူ ဆာကာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားဟာ ဗလင်စီယာ ထွက်ခွာသွားတဲ့ ညာနောက်ခံလူ နေရာအတွက် ပီအက်စ်ဂျီနောက်ခံလူ မြူနီယာကို ခေါ်ယူလိုပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment