
လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်နေသူ မလေးရှားနိုင်ငံ သား Tan Yean Onn နှင့် မန်နေဂျာ ရဲထွဋ်တို့ ထွက်ပြေးတိမ်းရှောင်နေပြီး စာရင်းကိုင်မြန်မာအမျိုးသမီး ငါးဦးနှင့် လောင်းကစားပြု လုပ်သူ ခြောက်ဦးကို ဖမ်းမိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ လောင်းကစားဒိုင် မလေးရှားနိုင်ငံသားနှင့် စာရင်းကိုင်ဝန်ထမ်း၊ လောင်းကစားပြုလုပ်သူ စုစုပေါင်း ၁၃ ဦးကို ချမ်းအေးသာစံမြို့နယ်ရဲစခန်းက လောင်းကစားဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်သူများကို ဖမ်းမိရေးဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
No comments:
Post a Comment