Pages

Wednesday, June 19, 2019

(၂)နှစ်ခန့်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူသည် သင်္ကန်းဝတ်ဟု ရဲတပ်ဖွဲ့အတည်ပြု ကလေးငယ်၏အသက်လုခဲ့ရပြီး လက်ရှိတွင် စောင့်ကြည့်နေရဟု ဖခင်ဖြစ်သူပြော

 မြောက်ဥက္ကလာပမြို့ နယ်တွင် ဖြစ်ပွားသည့် (၁)နှစ် နှင့် ရှစ်လအရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သူသည် သင်္ကန်းဝတ်နှင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြား သည်။ ကျူးလွန်ခံရသည့် ကလေး ငယ်၏ဖခင်က ‘‘ကျွန်တော်မထင် ထားဘူး။ မနေ့ကကတည်းက စစ်ပြီးမေးနေတာ။ ဟုတ်တယ်လို့ ၀န်ခံထားတယ်။ တော်တော်ရက် ရက်စက်စက် ကျူးလွန်ခဲ့တာ၊ ဆေးရုံမှာ သမီးကိုအသက်လုခဲ့ရတာ၊ အခုသမီးကို စောင့်ကြည့်နေရ တုန်း’’ဟု ပြောသည်။



ဝန်ခံထားသူသည် သင်္ကန်းဝတ်နှင့် ဖြစ်သည်ဟု ကျူးလွန်ခံရသူကလေးငယ်၏ ဖခင်ပြောဆိုမှုအ ပေါ် ‘‘အဲဒီလိုမျိုးပေါ့’’ဟု ရွှေပေါက်ကံ နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ကျော်စွာဝင်းက အတည်ပြုပြော ကြားသည်။

ဆက်လက်ပြီး ရဲအုပ်ကျော် စွာဝင်းက ‘‘လက်ရှိစစ်ဆေးတယ်။ ရမန်ယူတယ်။ အဲဒါတော့ လက်ရှိ ဆောင်ရွက်နေတာပေါ့။ ပုဒ်မ ၃၆၃၊ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်’’ ဟု ပြောသည်။

အဓမ္မပြုကျင့်သည့် ကိုရင် ကြီးဥူးဥတ္တရ(ခ)ဇေယျာလင်းကို လူဝတ်လဲကာ ဖမ်းဆီးစစ်ဆေးမှု နှင့် အမှုတည်ဆောက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

ဇွန်လ ၁၆ ရက်က မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ နယ်မြေရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ အခန်းတစ်ခန်းတွင် သားနှင့် သမီးကိုသိပ်ထားခဲ့ရာ သမီးပျောက်ဆုံးနေသည်ကို မိခင် က စတင်တွေ့ရှိခဲ့သည်။

ယင်းနောက် ရွှေပေါက်ကံရဲ စခန်းသို့ အမှုဖွင့်တိုင်ကြားခြင်းနှင့် အနီးဝန်းကျင်နေရာများကို လိုက် လံရှာဖွေခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားသည့်ရက် နံနက် ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ မော်ကျွန်းရှိ ကားဘော်ဒီရုံအနောက်ဘက် ကိုင်းတောထဲ၌ ကလေးကို တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ရန်ကင်းကလေးဆေးရုံသို့ ဆေးကုသခြင်း၊ ဆေးစစ်ချက်ရယူခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ကလေးငယ်၏ ဖခင်က ပြောကြားသည်။

၂၀၁၅ နောက်ပိုင်း မြန်မာ နိုင်ငံဒေသအနှံ့ သက်ငယ်မုဒိမ်းဖြစ် ပွားမှုနှုန်း များပြားခဲ့ပြီး ၂၀၁၆ က၆၇၁ မှု၊ ၂၀၁၇ တွင် ၈၉၇ မှုနှင့်၂၀၁၈ ဧပြီအထိ အမှု ၃၆၀ ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ယင်းအတွက် သက်ငယ်မု ဒိမ်းကျူးလွန်သူများကို ပြည်သူအ များစုက ကမ်ပိန်းပြုလုပ်၍ သေ ဒဏ်ပေးရန် တောင်းဆိုခြင်း၊ စီ တန်းလှည့်လည်ကာ တစ်သက် တစ်ကျွန်းထောင်ဒဏ်(သို့မဟုတ်) သေဒဏ်ပေးရန် တောင်းဆိုသည့် ဖြစ်စဉ်များ ရှိခဲ့သည်။ သက်ငယ်မုဒိမ်းမှု ကျူးလွန် သူများကို ထောင်ဒဏ်နှစ်(၂၀) မှ ထောင်ဒဏ်တစ်သက် ချမှတ်နိုင်မည့်ဥပဒေကြမ်းကို ယခုနှစ် မတ်လ ၁၄ ရက်တွင် ကျင်းပခဲ့သည့်  အမျိုးသားလွှတ် တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

No comments:

Post a Comment