Pages

Sunday, June 23, 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်ကြောင့် ငွေလှူခြင်းဟု တပ်မတော်တာဝန်ရှိသူပြော

မဘသအဖွဲ့ကို အမည်ပြောင်းဖွဲ့စည်းထားသော  ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသို့ ကျပ်သိန်း ၃၀၀ လှူဒါန်းခြင်းသည် အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးလုပ်ငန်း အပါအ၀င် ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက် ကြောင့်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မ တီအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး သည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ကူညီရေး လုပ်ငန်းနှင့် လူမျိုးရေး၊ ဘာသာရေး၊ သာသ နာရေးဆိုင်ရာ ပဋိပက္ခများမဖြစ် အောင် ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု တရားဝင်ပြောကြားထားကြောင်း ယမန်နေ့က လစဉ်ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခြင်းဖြစ်သည်။



ငြိမ်ဝပ်ပိပြားရေးနှင့် သော် လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့် တရားနှင့်သော်လည်းကောင်း ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြား ပြဋ္ဌာန်းချက်တို့နှင့်သော်လည်း ကောင်း မဆန့်ကျင်လျှင်နိုင်ငံသား တိုင်းသည် ဘာသာသာသနာရေး တွင် လွတ်လပ်စွာယူဆနိုင်သော  အခွင့်အရေး၊ လွတ်လပ်စွာကိုး ကွယ်ဆောက်တည်နိုင်သော အ ခွင့်အရေးတို့ကို အညီအမျှရရှိစေ ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းထားကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ဆို သည်။

‘‘အဲဒီတော့ ကျွန်တော်ဆိုလို တာက ဒီဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်းပေါ့။ ကျွန်တော်မေးခွန်း ထုတ်တာပေါ့။ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား၊ ကျန်းမာရေးနဲ့ ပတ်သက်လို့က ဘာများထိခိုက် နေတာရှိလို့လဲ’’ ဟု ၎င်းက ဆို သည်။

၂၀၁၇ တွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(မဟန) က မဘသအဖွဲ့ကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားပြီးမကြာမီ မဘသအဖွဲ့က ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖြစ်  ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော် ၂၀၁၈ တွင် ယင်း ဖောင်ဒေးရှင်းကို ဖျက်သိမ်းရန်နှင့် အဆိုပါဖောင်ဒေးရှင်း အ မည်ဖြင့် မည်သည့်လုပ်ဆောင် ချက်မျှ မပြုလုပ်ရန် မဟနက ဆက်လက်ညွှန်ကြားထားသည်။

No comments:

Post a Comment