Pages

Sunday, June 9, 2019

ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက် ကိစ္စဆွေးနွေးရန် တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇွန် လ ၁၁ ရက်တွင် ခေါ်ယူထား ကြောင်း မင်္ဂလာတောင်ညွန့်မြို့ နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးလှဌေးက ပြောသည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်း လွှတ်တော်ပုံမှန်အစည်းအဝေးကို ဇွန်လ ၁၇ ရက်တွင် ကျင်းပရန် ကနဦးစီစဉ်ထားသော်လည်း အ ရေးပေါ်အစည်းအဝေးကို ဇွန်လ ၁၁ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ယမန်နေ့တွင် ရန်ကုန်တိုင်းလွှတ် တော်က ထုတ်ပြန်ကြေညာသည်။



‘‘ဘတ်ဂျက်အတွက် အရေး ပေါ်ခေါ်တာပါ။ ဘတ်ဂျက်က ရန် ကုန်လွှတ်တော်မှာ ဆွေးနွေးပြီး တော့မှ ပြည်ထောင်စုလွှတ်တော် ကို ပို့ရမယ်။ ဝန်ကြီးချုပ်က ပြည် ထောင်စုကို ဇွန်လ ၁၇ ရက်မှာ၊ ရန်ကုန်တိုင်းလွှတ်တော်မှာ ဘာ တွေ ဆွေးနွေးထားလဲဆိုတာ သွားရမှာဖြစ်တဲ့အတွက် ဘတ်ဂျက် တစ်ခုတည်းကို ဆွေးနွေးဖို့ အရေး ပေါ်ခေါ်လိုက်တာပါ’’ဟု ဦးလှဌေးက ပြောသည်။ ရန်ကုန်တိုင်းဘတ်ဂျက်ကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ် တော်သို့ ဇွန်လ ၁၇ ရက်တွင် အပြီးတင်ရမည်ဖြစ်၍ ကြိုတင် ခေါ်ယူကာ အရေးပေါ်အစည်းအ ဝေးပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်း က ပြောသည်။

ရန်ကုန်တိုင်းရှိ မြို့နယ် အလိုက် လိုအပ်သည့် စီမံကိန်းများအတွက် ရေးဆွဲထားသည့် ဘတ် ဂျက်များကို တိုင်းအစိုးရရုံးတွင် အစည်းအဝေးပြုလုပ်ပြီး ပြည် ထောင်စုအစိုးရထံ တင်ပြရသည်။ ထို့နောက် ပြည်ထောင်စုက တိုင်းအစိုးရကို ခွဲဝေပေးသည့် ဘတ် ဂျက်ထဲ၌ မည်သည့်မြို့နယ်မှ စီမံကိန်းမည်မျှရသည်ကို ပြန်ချ ပေးကြောင်း ဦးလှဌေးက ရှင်းပြသည်။ ဆက်လက်၍ ပြည်ထောင်စု မှ ပြန်ကျလာသည့် ဘတ်ဂျက်ကို ရန်ကုန်တိုင်းလွှတ်တော်တွင် ထပ် မံဆွေးနွေးပြီး လိုအပ်သည့်ဘတ် ဂျက်များရေးဆွဲ၍ တိုင်းလွှတ် တော်၌ အတည်ပြုပြီး ပြည်ထောင်စုအစိုးရထံ ပြန်လည်တင်ပြရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ရန်ကုန်တိုင်း   လွှတ်တော် နဝမပုံမှန်အစည်းအဝေးရပ်နား ထားသည်မှာ နှစ်လကျော်ကြာပြီ ဖြစ်ပြီး ဇွန်လ ၁၁ ရက်တွင် အရေးပေါ်အစည်းအဝေးနှင့် ဇွန်လ ၁၇ ရက်တွင် ပုံမှန်အစည်း အဝေးများ ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment