Pages

Wednesday, June 12, 2019

မကျင်းပနိုင်သည့် မဲဆန္ဒနယ်နှင့် မဲပေးခွင့်ဆုံးရှုံးသူ မရှိစေရေး စီစဉ်နေဟု ကော်မရှင်ပြော ဇူလိုင်ကစ၍ သုံးလအတွင်း မဲစာရင်းအကြမ်းတစ်စောင် အပြီးပြုစုရန်ရှိ

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မကျင်းပနိုင်သည့် မဲဆန္ဒနယ်နှင့် မဲပေးခွင့်ဆုံးရှုံးသည့် လူပုဂ္ဂိုလ်မရှိ စေရေး ဆောင်ရွက်မည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က 7Day Daily သတင်းစာအား ပြောသည်။ ‘‘စီမံချက်ချထားတယ်’’ ဟု ၎င်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများမှ ပြည်သူများ၊ စစ်ဘေး ရှောင်များနှင့် ရွှေ့ပြောင်းလုပ် သားများအပါအ၀င် နိုင်ငံအတွင်း ရှိ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင် ရေး စီမံဆောင်ရွက်နေပြီး အဆိုပါနေရာများတွင် မဲစာရင်းကောက် ယူနိုင်မှုရှိ၊ မရှိ သုံးသပ်လုပ် ဆောင်နေသည်ဟု ဦးမြင့်နိုင်က ဆိုသည်။



မဲစာရင်းပြုစုရာတွင် ယခင် ထက် ပြည့်စုံခိုင်မာစေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနတို့နှင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

‘‘စီမံချက်ရေးဆွဲထားပြီးပြီ။ ခုရေးဆွဲပြီးပြီ’’ဟု ဦးမြင့်နိုင်က ပြောသည်။ စီမံချက်အရ မဲစာရင်းပြုစုရေး၊ ကောက်ယူရေး၊ ကြီးကြပ်ရေးဟူ၍ အဖွဲ့များခွဲခြား လုပ်ဆောင်ရန် စီစဉ်ထားသည်။ ဇူလိုင်က စတင်ကာ သုံးလအတွင်း မဲစာရင်းမူကြမ်းတစ်စောင် ပြုစုပြီးစီးစေရန် စီမံနေသည်ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်  ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ထုတ်ပြန်သည့် အစီရင်ခံ စာတွင် တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် နေရာများကို ထည့်သွင်း ဖော်ပြခဲ့ပြီး ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့ နယ်ခုနစ်ခု၊ ပဲခူးတိုင်းရှိ မြို့နယ် နှစ်ခု၊ မွန်ပြည်နယ်ရှိ မြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၇ခုတို့၌ ရွေးကောက်ပွဲမကျင်းပနိုင် ခဲ့ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment