Pages

Monday, June 17, 2019

ခရီးသည်တင် ယာဉ်ပေါ်မှာ အိပ်ပျော်သွားရာမှ ကပ်လျက်ထိုင်သူက လက်ပ်တော့နှင့် ငွေ(၃၂)သိန်းကျော် ခိုးယူ

No photo description available.ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်မှာ ဇွန်လ ၁၆ ရက်က ခရီးသည်ယာဉ်ပေါ်မှာ ခရီးသွားရင်း အိပ်ပျော်သွားရာကနေ ဘေးနားကပ်လျက်ထိုင်သူက လက်ပ်တော့(Computer)နဲ့ ငွေကျပ် (၃၂)သိန်း ကျော် ခိုးယူမှု ဖြစ်ပွားပါတယ်။ေ တာင်ကြီးမြို ၊့ ညောင်ဖြူစခန်းနေသူ အသက် (၁၉)နှစ်အရွယ် မောင်ရဲထွန်းခိုင်ဟာ ဇွန်လ၁၅ ရက် ညပိုင်းက FAMOUSခရီးသည်ယာဉ်နဲ့ ရန်ကုန်ကနေ တောင်ကြီးကို လာရောက်စဉ် ကပ်လျက်ထိုင်ခုံတွင် လိုက်ပါလာသူ ခရီးသည်အမျိုးသား(၁)ဦးနဲ့အတူ စီးနင်းလာခဲ့ပါတယ်။


ည ၁၂နာရီခန့်မှာ ကျောပိုးအိမ်ကို ဘေးတွင်ထားကာ အိပ်ပျော်သွားခဲ့ရာ ဇွန်လ၁၆ရက် မနက်ပိုင်း ကလောမြို့အဝင်တွင် နိုးလာပြီး အိတ်အတွင်း ကြည့်မိရာ ငွေနဲ့ SURFACE အဖြူရောင်လက်တော့ပ် တစ်လုံး ပျောက်ဆုံးနေတာ သိရှိပြီး ယာဉ်မောင်းဦးစောကွယ်နဲ့ ယာဉ်ပေါ်ပါတာဝန်ရှိသူတွေက ကလောမြို့မရဲစခန်းကို သွားရောက်တိုင်တန်းပါတယ်။

တိုင်တန်းမှုကြောင့် ကလောမြို့မရဲစခန်း တာဝန်ရှိသူတွေဟာ သက်သေတွေနဲ့အတူ ရှာဖွေစစ်ဆေးရာ ပျောက်ဆုံးသူနဲ့ ကပ်လျက်မှာ လိုက်ပါစီးနင်းလာတဲ့ အသက် (၆၃)နှစ်အရွယ် ဦးတင်အေး ထံကနေ ပျောက်ဆုံး ငွေကြေးတွေကို ပြန်လည်ရှာတွေ့ခဲ့ပြီး လက်တော့ပ်ကို ဦးတင်အေးစီးရဲ့ ထိုင်ခုံအောက်မှာ ရှာတွေ့ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မောင်ရဲထွန်းခိုင်ရဲ့ တရားလိုတိုင်တန်းချက်အရ လမ်းခရီးသွားစဉ် ကျောပိုးအိတ်အတွင်ထည့်ထားတဲ့ မြန်မာငွေ နိုင်ငံခြားငွေ၊ လက်တော့ပ်(၁)လုံး စုစုပေါင်း (၃၂၁၃၉၈၄)ကျပ်အား ပိုင်ရှင် မသိဘဲခိုးယူသူ ဦးတင်အေးကို ကလောမြို့မရဲစခန်းကဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment