Pages

Friday, June 21, 2019

ထိုင်းဆန်ဈေးနှုန်း မြင့်တက်နေ၍ ဗီယက်နမ်နှင့် မြန်မာ့ဆန်ဈေးကွက် စိတ်ဝင်စားမှု များလာနိုင်

ကမ္ဘာ့ဆန်ဈေးကွက်ကို ဦးဆောင်နေသည့် ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆန်ဝယ်ယူသူများ အနေဖြင့် ဗီယက်နမ်နှင့် မြန်မာ့တို့၏ ဆန်ဈေးကွက်ကို စိတ်ဝင်စားမှု ပိုများလာနိုင်ကြောင်း ဆန်စပါးလုပ်ငန်း ကျွမ်းကျင်သူများ၏ သုံးသပ် ချက်အရ သိရသည်။ သို့ရာတွင် USDA (အမေရိကန်နိုင်ငံရှိ ဆန်စပါးစိုက်ပျိုးရေးဌာန) ၏ မေလကုန်ပိုင်းတွင် ထုတ်ပြန်ချက်အရ ကမ္ဘာ့ဆန်ဈေးကွက် အတွင်း ဆန်လက်ကျန် တန်ချိန် ၁၇၂ ဒဿမ ၂၂ သန်း (ကမ္ဘာ့တစ်နှစ် ထုတ်လုပ်မူ၏ ၂၉ ရာခိုင်နှုန်းကျော်) သာရှိနေကြောင်း ဖော်ပြထားသည်။



ထို့အပြင် တရုတ်နိုင်ငံတောင်ပိုင်း ပြည်နယ် ၁၅ ခု၌ သီးနှံဖျက်ပိုး ကျရောက်မူကြောင့် စပါး၊ ပြောင်း၊ ကြံ စိုက်ပျိုးမြေ ဟက်တာ ၉၀၀၀၀ ခန့် ပျက်စီးခဲ့ပြီး ယင်းနိုင်ငံ၏ ဆန်လက်ကျန် ပမာဏမှာ တန်ချိန် ၁၁၇ သန်းသာ ရှိနေသည့်အတွက် တရုတ်နိုင်ငံမှ ဆန် တင်သွင်းမူ ပမာဏလျော့ကျနိုင်ကြောင်း ဖော်ပြထားသည်။

“ထိုင်းဆန်က ဈေးကြီးသွားတယ်။ မြန်မာနိုင်ငံက ဆန်ပို့တာကတော့ ပုံမှန်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ သဘောင်္ ၅ စီး ဆိပ်ကမ်းကပ်မယ် သိရတယ်။ ဒီလထဲ မဟုတ်ရင် ရှေ့လထဲပဲ”ဟု ဆန်လုပ်ငန်းကျွမ်းကျင်သူ ဦးမျိုးသူရအေးက ပြောသည်။

ပြည်တွင်းမှ ဆန်ဝယ်ယူရန် သဘောင်္ ၅ စီးခန့် မြန်မာ့ဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ကာ လက်ရှိတွင် ဆန်တန်ချိန် တစ်သိန်းတင် ဆောင်ရန် MV BISCAYNE LIGHT သဘောင်္၊ MV OCEAN CROSD သဘောင်္နှင့် MV ATLANTIC TRADE သဘောင်္အစရှိသဖြင့် သဘောင်္ ၃ စီးဆိုက်ရောက်နေပြီး ဆန်တင် နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ဇွန်လဆန်းတွင် ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိ ကမ္ဘာ့ဆန် ဈေးကွက်အတွင်း ဧည့်မထ ဆန် (၅ ရာခိုင်နှုန်း) တစ်တန်လျှင် ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၉၁၊ ဗီ ယက်နမ် နိုင်ငံမှ အမေရိကန် ဒေါ်လာ ၃၃၀၊ မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၃၄၀ နှင့် ကမ္ဘောဒီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ ၄၃၀ ဖြင့် ရောင်းချလက်ရှိကြောင်း ကမ္ဘာ့ဆန် ဈေးကွက်ပေါက်ဈေးများအရ သိရသည်။

No comments:

Post a Comment