Pages

Saturday, June 29, 2019

အရက် အတူသောက်နေစဉ် စကားများရာမှ လူသတ်မှုဖြစ်

ခရမ်းမြို့နယ်တွင် အ ရက်အတူသောက်ရာမှ စကား များရန်ဖြစ်ပြီး ပေါက်တူးဖြင့် ခုတ် သတ်မှုဖြစ်ပွားခဲ့သည်။ သေဆုံးသူသည် ခရမ်းမြို့ နယ် ဘိုကလေးကျေးရွာနေ အ သက်(၄၅)နှစ်ရှိ နေထွန်းဆိုသူဖြစ် ပြီး ဇွန်လ ၂၆ ရက်ည ၁၀ နာရီ က တစ်ရွာတည်းနေစိုးပိုင်နှင့်အ တူ စိုးပိုင်ခြံဝင်းအတွင်းနတ်တင် ထားသောအရက်ကို အတူ သောက်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။



ထိုသို့ အရက်တူတူသောက် နေခိုက် စကားများရန်ဖြစ်ပြီး စိုးပိုင်ကအနီးရှိ အရှည်သုံးပေခန့် ရှိသော ပေါက်တူးဖြင့် ခုတ်ခဲ့ရာ နေထွန်းတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ၀ဲ ဘက်နားရွက်ပြတ်ရှဒဏ်ရာတစ် ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

‘‘စကားများရန်ဖြစ်ပြီးတော့ လူသတ်မှုဖြစ်တာလို့ သိရပါ တယ်။ အရက်ကလည်း မူးနေ တယ်။ စကားအလွန်အကြူးပြော ရာကနေ ဒေါသကြောင့် အခုလို ဖြစ်သွားတာလို့ စစ်ဆေးတွေ့ရှိ ရပါတယ်။ တရားခံကိုတော့ စခန်းမှာ ဖမ်းထားပါတယ်’’ ဟု ခရမ်းမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိုးပိုင်ကို ခရမ်းမြို့နယ်ဘုရားပျို နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှု ဖွင့်အရေးယူထားသည်။

No comments:

Post a Comment