Pages

Thursday, June 20, 2019

တာချီလိတ်မှာ စက်သေနတ်ကျည် (၄၀၀)နီးပါး ဖမ်းမိ

တာချီလိတ်ကနေ မိုင်းယန်းဘက်ကိုသွားမယ့် ပရိုဘောက်ကားတစ်စီးကို စစ်ဆေးရာကနေ စက်သေနတ်ကျည် (၃၉၇)တောင့်ကို တာချီလိတ်မြို့မှာ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိပါတယ်။ တာဝန်ရှိသူတွေဟာ ဇွန်လ ၂၀ရက် နေ့လည် ၁၂နာရီက တာချီလိတ်မြို့၊ မယ်ယန်းဂိတ်မှာ တာချီလိတ်မြို့ဘက်ကနေ မိုင်းယန်းမြို့ကိုသွားမယ် ပရိုဘောက်ကားတစ်စီးကို စစ်ဆေးရာမှာ ကားအတွင်းကနေ ပွိုင့် - ၅ စက်သေနတ်ကျည် (၃၉၇)တောင့်ကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။


ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ယာဉ်မောင်းဖြစ်သူ ဦးဆမ်ပျန်းဟာ စက်သေနတ်ကျည်တွေကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်ချောင်းအနီးကနေ တင်ဆောင်လာပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁)ကိုဖြတ်ကာ သယ်ဆောင်လာတာဖြစ်ပြီး မိုင်းယန်းမြို့ကို သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ကျည်ဆံတွေ တင်ဆောင်လာသူ အသက် (၄၀)အရွယ် ဦးဆမ်ပျန်းကို ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment