Pages

Tuesday, June 18, 2019

တရားမ၀င်သည့် ဂြိုလ်တုရုပ်မြင်သံကြား၊ စလောင်းနှင့် ရုပ်သံဖမ်းစက်များ တည်ဆဲဥပဒေများအား မလိုက်နာ ဟု ပြန်ကြားရေး ဒုဝန်ပြော

အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်သည့် ဂြိုလ်တုရုပ်မြင်သံကြား၊စလောင်းနှင့် ရုပ်သံဖမ်းစက် တည်ဆဲဥပဒေများအား လုံးဝ လိုက်နာခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းကပြောသည်။ “သူတို့ရဲ့ Contant ကို ကြည့် လိုက်မယ်ဆိုရင် သူတို့ရဲ့ Program တွေကြည်လိုက်ရင် ကျွန်တော်တို့ရဲ့ တည်ဆဲဥပဒေတွေ ကို လုံးဝ လိုက်နာခြင်းမရှိတာကို တွေ့ရတယ်တချို့ဆိုရင် ကျွန်တော်တို့ ရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ မသင့်တော်တာတွေပါတယ်” ဟု ဦးအောင်လှထွန်းကပြောသည်။



ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် တရားမ၀င် ဂြိုလ်တု စလောင်းရုပ်သံ လိုင်းများ ၊ Oline TV Channal များနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်မည့် အလုပ်ရုံဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ဒုတိယ ၀န်ကြီးမှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်နေသည့် ဂြိုလ်တုရုပ်မြင်သံကြား၊စလောင်းနှင့် ရုပ်သံဖမ်းစက် များသည်လည်း သိန်းပေါင်းများစွာ ၀င်ရောက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံမှာ အရေအတွက်အားဖြင့် သန်းဂဏန်းလောက်တောင် တချို့က ခန့်မှန်းကြတယ်။သန်းဂဏန်း မရှိတောင် သိန်းပေါင်းများစွာရှိတယ်။အိမ်နီးချင်းနိုင်ငံက ၀င်ရောက်လာတဲ့ စလောင်းတွေရှိတယ်။ဂြိုလ်တု အသံဖမ်းစက်တွေရှိတယ်။အရေအတွက် က ခန့်မှန်းလို့ မရနိုင်ဘူး”ဟု ဦးအောင်လှထွန်းကပြောသည်။

တရားမ၀င် ၀င်ရောက်လာသည့် နိုင်ငံများတွင် နီပေါ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ နိုင်ငံတို့ မှ ၀င်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြည်ပမှ တရားမ၀င် ၀င်ရောက် ထုတ်လွှင့်နေသည့် ကုမ္ပဏီိများကြောင့် ပြည်တွင်း အခွန်အခ ပေးဆောင်နေ၍ လုပ်ကိုင်နေရသည့် လုပ်ငန်းရှင်များအတွက် ထိခိုက်နေမှုများဖြစ်ပေါ်နေခြင်းကြောင့် ၀ိုင်းဝန်း အဖြေရှာဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွက် တည်ဆဲသပဒေနှင့် အညီ လုပ်ကိုင်ခွင့်ရရှိထားသည့် တရားဝင် ရုပ်သံလိုင်းများတွင် MRTV၊မြ၀တီ၊ Forever Group ၊ရွှေသံလွင် ကုမ္ပဏီ၊ Content Provider ၅ ဦးအဖြစ် Mizzima ၊DVB၊ Channel ၊ Fortune TV ၊နှင့် YTV တို့ ပါဝင်သည်။

No comments:

Post a Comment