Pages

Sunday, June 23, 2019

ရှင်သန်ကြီးထွားနေသောဝါးပင်ထဲတွင် နှစ်ချို့အောင်ထည့်ထားပြီးမှ ပြန်လည်ထုတ်ယူရောင်းချသော တရုတ်ဝါးပင်အရက်

တရုတ်နိုင်ငံတွင် ဝါးပင်များထဲ၌နှစ် ချို့အောင်ထည့်ထားပြီးမှပြန်လည်ထုတ် ယူရောင်းချသော ဝါးပင်အရက်မှာ လူ ကြိုက်များလျက်ရှိသည်ဟု သိရသည်။ ဖိအားမြင့်ထိုးသွင်းနည်းစနစ်များ ဖြင့် ဆန်အရက်ကို ဝါးပင်၏ပင်စည်ထဲသို့ ထိုးသွင်းကာ တစ်နှစ်နှင့်ခြောက်လကျော် သည်အထိထားလေ့ရှိကြသည်။ ဝါးပင်ထဲ တွင်ရှိနေသည့်အရက်သည် ဝါးပင်၏သစ် အရည်၊ အနံ့တို့ဖြင့်ပေါင်းစပ်သွားသည့်အ တွက် မွေးပျံ့သည့်သင်းရနံ့နှင့်အဆိပ်အ တောက်များကိုဖယ်ရှားပေးသော ဂုဏ် သတ္တိကိုဖြစ်ပေါ်စေသည်။ ဝါးပင်က အရက် ၏ပါဝင်မှုတချို့တစ်ဝက်ကို စုပ်ယူလိုက် သည့်အတွက် အရက်ကိုလည်း ပျော့သွား စေနိုင်သည်။
ကမ္ဘာလှည့်ခရီးသွားများက ဝါးအရက်ကို သောက်သုံးရုံတင်မကဘဲ ဝါးပင်ထဲမှပြန်လည်ထုတ်ယူသည့်နည်း ကိုလည်း စိတ်ဝင်စားသောကြောင့် လာ ရောက်ကြည့်ရှုလေ့လာလေ့ရှိကြသည်။ အလုပ်သမားများက ဝါးပင်၏ပင်စည်ကို ခေါက်ကြည့်ရုံဖြင့် ထုတ်ယူရန်အချိန်ကျမ ကျကိုသိရှိနိုင်ပြီး ပင်စည်တွင်အပေါက် ငယ်လေးဖောက်ကာ အရက်ကို ပြန်လည် ထုတ်ယူခြင်းဖြစ်သည်။ ဝါးအရက်သည် ဖူကျန်းပြည်နယ်မှစတင်ခဲ့ခြင်းဖြစ်သော် လည်း ယခုအခါ ကွမ်ရှီးနှင့်စီချွမ်ပြည်နယ် များအပါအဝင် တရုတ်နိုင်ငံ၏နေရာအနှံ့ အပြားသို့ရောက်ရှိနေပြီဖြစ်သည်။ ပြိုင် ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ ထုတ် လုပ်မှုကိုတိုးမြှင့်နိုင်ရန် ဝါးပင်ထဲသို့ ပမာ ဏများပြားစွာထိုးသွင်းနိုင်မည့်နည်းလမ်း များကို ရှာဖွေနေဆဲဖြစ်သည်။ ဝါးအရက် ကိုထုတ်လုပ်ရာတွင် သင့်တင့်မျှတသည့် အရက်ပမာဏဖြစ်ရန်လိုအပ်ပြီး များသွား ပါက အပင်သေသွားနိုင်သည်ဟု သိရ သည်။

No comments:

Post a Comment