Pages

Thursday, June 27, 2019

ထိုင်းမူးယစ်တရားခံပြေးအပါအဝင် ထိုင်းနိုင်ငံသား (၃)ဦးကို တာချီလိတ်မှာ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

Image may contain: 3 people, table and outdoorတာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျှံ (၂) “ဝ”ရွာရှိ နေအိမ်တစ်လုံးကို ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးသတင်းနဲ့ ထိုင်းနိုင်ငံသားများ တရားမဝင်နေထိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံမှ မူးယစ်ဆေးရောင်းဝယ်မှုဖြင့် အလိုရှိနေတဲ့ တရားခံပြေးတစ်ဦး အပါအဝင် ထိုင်းနိုင်ငံသား (၃)ဦးကို မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။



မူးယစ်ဆေးဝါးသတင်းနဲ့ ထိုင်းနိုင်ငံသားများ တရားမဝင်နေထိုင်ကြောင်း သတင်းအရ ပြည်နယ်မှုခင်းအကူဌာနစိတ်မှ ရဲအုပ် မောင်မျိုး ဦးစီးတဲ့ တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ ရဲအုပ် နိုင်ဇော်၊ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ် မင်းမင်းအောင် နှင့်တပ်ဖွဲ့ဝင်များတို့က သက်သေများနဲ့ပူးပေါင်းအဖွဲဝင်များက ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀)နာရီအချိန်က ရန်အောင်မြေ ရပ်ကွက်၊ ပါလျှံ (၂) “ဝ”ရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားများဖြစ်တဲ့ စုန်နွတ်(ခ) အိုက်ကျိုင်း၊ ဝတ်ထိချိုင်းနှင့် ထနာခွန် တို့အား တွေ့ရပြီး WY စိတ်ကြွဆေးပြား (၃၈)ပြား၊ စိတ်ကြွဆေးပြားသုံးရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများ၊ Civic အမျိုးအစား မော်တော်ယာဉ်(၁)စီး၊ Suzuki Swift အမျိုးအစား မော်တော်ယာဉ်(၁)စီးနှင့် YAMAHA အမျိုးအစား မော်တော်ဆိုင်ကယ်(၁)စီးတို့ကို ဖမ်းမိခဲ့ပါတယ်။

ယခုဖမ်းမိခဲ့တဲ့ စုန်နွတ်(ခ)အိုက်ကျိုင်း ဆိုသူမှာ ထိုင်းမူးယစ်ဆေးဝါးရောင်းဝယ်တဲ့အဖွဲ့မှဖြစ်ပြီး လွန်ခဲ့တဲ့ (၅)နှစ်ခန့်က ထိုင်းနိုင်ငံ၊ တန်ခရိုင်၊ ဝမ်ဝိစေမြို့ရှိ သူရဲ့နေအိမ်မှာ မူးယစ်ဆေး ဝင်ရောက် ဖမ်းဆီးမှုအတွင်းမှ ထွက်ပြေး လွတ်မြောက် နေသူဖြစ်ကြောင်းနှင့် မယ်ဆိုင်ချောင်းမှတဆင့် တာချီလိတ်သို့ တရားမဝင်ဖြတ်သန်းကာ ဝင်ရောက်နေထိုင်နေသူဖြစ်ကြောင်းသိရပြီး ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား (၃)ဦးကို တာချီလိတ်မြို့မရဲစခန်းမှာ မယ(ပ) ၈၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။။

No comments:

Post a Comment