Pages

Friday, June 14, 2019

အကျင့်ပျက်ခြစားမှု စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ပြော

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ချေးငွေအကူအညီ ရယူထားတဲ့ ပါကစ္စတန်မှာ အကျင့်ပျက်ခြစားမှု စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမယ်လို့ ဝန်ကြီးချုပ် အီမာခန်းက ဇွန်လ ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် အီမာခန်းက ပါကစ္စတန်နိုင်ငံသားတွေရဲ့ နိုင်ငံရပ်ခြား ငွေစာရင်းတွေဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရှိပြီး IMF ဆီကနေ ပါကစ္စတန်နိုင်ငံကို ချေးမယ့်ငွေဟာ ၆ ဘီလျံသာ ရှိတယ်လို့ ဆိုပါတယ်။



ဒါကြောင့် ပါကစ္စတန်နိုင်ငံမှာ ငွေကြေးခဝါချတာတွေ ရှိနေပြီး အဲဒါကို တားဆီးဖို့ အုပ်ချုပ်သူတွေက လုပ်နေတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် အီမာခန်းက ဖက်ဒရယ်စုံစမ်းရေး အေဂျင်စီ (FIA)၊ ထောက်လှမ်းရေးဗျူရို (IB) နဲ့ ဖက်ဒရယ် အခွန်ဌာနဘုတ်အဖွဲ့ (FBR)  စတဲ့ အစိုးရအဖွဲ့အစည်းတွေ ပေါင်းစပ်ပြီး အားကောင်းတဲ့ အကျင့်ပျက်ခြစားမှု စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းမယ်လို့ ပြောပါတယ်။

ကြွေးနွံထဲကနေ ကယ်တင်နေတဲ့ ပါကစ္စတန်ကို နွံနစ်အောင် လုပ်သူတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ အီမာခန်းက ပြောပါတယ်။

No comments:

Post a Comment