Pages

Saturday, June 15, 2019

အကြမ်းဖက်ဝါဒ ဖြန့်ချိသူ အိန္ဒိယ ဖမ်းဆီး

အိန္ဒိယရဲတပ်ဖွဲ့က သိရိလင်္ကာနိုင်ငံမှာ အီစတာ တနင်္ဂနွေနေ့က ဗုံးများခွဲခဲ့တဲ့ ကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူနဲ့ လူမှုရေးစာမျက်နှာတွေပေါ်မှာ အစ္စလာမ်နိုင်ငံတော်သစ်ထူထောင်ဖို့ အတွေးအခေါ်ဝါဒဖြန်ခဲ့သူတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ မိုဟာမက် အဇာရူဒင်း ဆိုသူကို ဗုဒ္ဓဟူးနေ့က တမဲလ်နာဒူးမှာ ဖမ်းလိုက်တာဖြစ်ပါတယ်။ သူ့ကို ပြည်ပ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က ဖမ်းခဲ့တာပါ။ တချိန်တည်းမှာပဲ တခြားခြောက်ဦးကိုလည်း ဖမ်းဆီးထားပြီး ငါးဦးကိုတော့ စစ်ဆေးမေးမြန်းဖို့ ခေါ်ယူထားပါတယ်။ အခုဖမ်းဆီးလိုက်သူဟာ သိရိလင်္ကာမှာ ဗုံးခွဲသူများအဖွဲ့ခေါင်းဆောင် ဇာဟန် ဟာရှင်နဲ့ Facebook မှာ မိတ်ဆွေဖြစ်ပြီး အစွန်းရောက်ဝါဒတွေကို ရေးသားဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဟာရှင်ဆိုသူကတော့ သိရိလင်္ကာမှာ တခြားခြောက်ဦးနဲ့အတူ ဗုံးခွဲစဉ် သေဆုံးသွားသူတွေထဲမှာ ပါဝင်ပါတယ်။ အဲဒီနေ့ဗုံးခွဲမှုမှာ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေ ဟိုတယ်တွေပါဝင်ပြီး လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

No comments:

Post a Comment