Pages

Friday, June 21, 2019

အဂတိတိုက်ဖျက်ရေးအမည်ခံ ဆောင်ရွက်မှုများ ကော်မရှင်နှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန် ဆက်သွယ်ခြိမ်းခြောက်မှုများရှိပါက ရဲစခန်းသို့တိုင်ရန် ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ်တိုက်တွန်း

 မြို့နယ်အချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံ၍ ရုံးခန်းဖွင့်လှစ်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ သည် ကော်မရှင်နှင့် သက်ဆိုင်မှု မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။ ဥပဒေအရ အဂတိလိုက်​စားမှု တိုက်ဖျက်ရေးကော်မရှင်က သာ ရုံးခွဲများ ဖွင့်လှစ်ခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တရားဝင် ပြုလုပ်ခွင့်ရှိကြောင်း ကော်မရှင်၏ ဇွန်လ ၂၀ ရက် ထုတ်ပြန် ချက်တွင် ဖော်ပြသည်။



လက်ရှိတွင် မြို့ကြီးအချို့၌ လွှတ်တော်ပြင်ပ အဂတိလိုက်စား မှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘ၀ မြှင့်တင်ရေးအဖွဲ့ချုပ်ဟု အမည် ခံ၍ အဖွဲ့များဖွဲ့စည်းခြင်း၊ ရုံးခန်း များဖွင့်ခြင်းတို့ကို ယမန်နှစ်ကစ၍ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က အဆိုပါအဖွဲ့၏ အတွင်းရေးမှူး တာဝန်ရှိသူဟုဆိုကာ အမျိုးသား တစ်ဦးက ဖုန်းအကြိမ်ကြိမ်ဆက် ၍ ခြိမ်းခြောက်မှု၊ ငွေတောင်းခံမှုများ ပြုလုပ်သဖြင့် အဂတိ ကော်မရှင်ထံ ဆက်သွယ်အ ကြောင်းကြားခဲ့ရကြောင်း နောင်ချိုမြို့နယ်ရှိ အစိုးရ၀န်ထမ်းတစ် ဦးက ပြောသည်။

အထက်ပါအတိုင်း ဆက် သွယ်ခြိမ်းခြောက်လာပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ အကြောင်းကြားရန် လိုအပ်ကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

ကော်မရှင်၏ ထုတ်ပြန်ချက် တွင်    အဆိုပါအဖွဲ့စည်းများ သည် ၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အကျုံးဝင်မှုမရှိကြောင်း ဖော်ပြထား သည်။

မိတ္ထီလာခရိုင်၊ သာစည်မြို့ နယ် လွှတ်တော်ပြင်ပ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့်ပြည် သူ့ဘ၀မြှင့်တင်ရေးအဖွဲ့ အတွင်း ရေးမှူး ကိုလွင်မင်းသူက ‘‘ကျွန် တော်တို့ကတရားဝင်ဖွဲ့ထားတာ။ တချို့ကလည်း အဖွဲ့အစည်း အမည်ခံပြီး လုပ်စားနေကြတာရှိ တယ်။ မှုခင်းသတင်းထောက် တွေကလည်း အသံကြားရုံနဲ့ ငါကသတင်းထောက်၊ ငါက အဂတိ ဆိုပြီးလုပ်စားနေကြတာရှိတယ်။ ဒီလိုသတင်းတွေကြားလို့၊ အသံတွေကြားလို့ ထုတ်လိုက်တယ်လို့ ပဲယူဆတယ်’’ ဟု ကော်မရှင် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ထို့အပြင် ၎င်းတို့ အဖွဲ့အ စည်းသည် တစ်နိုင်ငံလုံးရှိ မြို့ကြီး အချို့တွင် တရားဝင်ဖွဲ့စည်းထား သဖြင့် မမှန်မကန် ဆောင်ရွက် နေကြောင်း တိုင်ကြားပါက အချိန် မရွေး လာရောက် စစ်ဆေးနိုင် ကြောင်း ကိုလွင်မင်းသူက ဆို သည်။  အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ရုံးကို နေပြည် တော်၌ ဖွင့်လှစ်ထားပြီး ရုံးခွဲများ အဖြစ် ရန်ကုန်နှင့် မန္တလေးတွင် သာ တိုးချဲ့ဖွင့်လှစ်၍ ဥပဒေနှင့် အညီ လုပ်ငန်းတာဝန်များ ထမ်း ဆောင်နေသည်ဟု ကော်မရှင် ထုတ်ပြန်ချက်၌  အသိပေးထား သည်။

No comments:

Post a Comment