Pages

Monday, June 24, 2019

ထီပေါက်သည့်ဆရာတော် ထာဝရငြိမ်းချမ်းရေးစေတီအတွက် ကျပ်သိန်း ၁၀၀၀ လှူဒါန်း

အောင်ဘာလေထီ ကျပ်သိန်းတသောင်းခွဲပေါက်ထားတဲ့ တောင်နီလေး ပရဟိတ ကျောင်းတိုက်ဆရာတော်က နေပြည်တော်မှာ တည်ထားကိုးကွယ်ဖို့ရှိနေတဲ့ ထာဝရငြိမ်းချမ်းရေး စေတီတော်အတွက်  ငွေကျပ် သိန်း ၁၀၀၀ ကို ဒီနေ့ လှူဒါန်းလိုက်ပါတယ်။ အလှူငွေကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လက်ခံရယူပြီး စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ ဒု ဥက္ကဋ္ဌ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကြည်မင်းဆီကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ထီဖွင့်ပွဲမှာ ကျပ်သိန်း တသောင်းခွဲဆုကို အေးမေတ္တာစံ တောင်နီလေး ပရဟိတကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာက ပေါက်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment