Pages

Friday, June 14, 2019

မန်ယူတိုက်စစ်မှူး လူကာကူ အီတလီ စီးရီးအေပြိုင်ပွဲကို ချီးကျူး

အီတလီ စီးရီအေပြိုင်ပွဲတွေဟာ စိတ်လှုပ်ရှားစရာလိဂ် ဖြစ်လာပြီလို့ မန်ယူတိုက်စစ်မှူး လူကာကူက ပြောကြားလိုက်ပါတယ်။ လူကာကူဟာ အီတလီကလပ် အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အီတလီလိဂ်နဲ့ပတ်သက်ပြီး ချီးကျူးပြောကြားလိုက်တာပါ။ အီတလီနဲ့ အင်္ဂလန်မှာ ကစားခွင့်ရဖို့က သူ့ရဲ့အိပ်မက်တွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ အီတလီလိဂ်ကလည်း စိတ်လှုပ်ရှားစရာ ကောင်းလာပြီလို့ လူကာကူက ပြောကြားခဲ့တာပါ။



အင်တာမီလန်အသင်းနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ကွန်တီလို ကမ္ဘာ့အကောင်းဆုံး နည်းပြတဦး ရောက်လာတာဟာ အင်တာမီလန်အသင်းအတွက် ကောင်းမွန်တယ်လို့လည်း လူကာကူက ဆိုပါတယ်။

ဒါ့အပြင် နာပိုလီအသင်းမှာ ကားလို့စ်အန်စလော့တီ ရှိနေသလို ဂျူဗင်တပ်အသင်းမှာလည်း ချဲလ်ဆီးနည်းပြ ဆာရီ လာရောက်ဖို့ရှိတာကြောင့် အီတလီလိဂ်က စိတ်လှုပ်ရှားစရာ ဖြစ်လာပြီလို့ လူကာကူက ပြောကြားခဲ့တာပါ။

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကျန်သေးပေမယ့် ပြီးခဲ့တဲ့ရာသီက ပုံမှန်နေရာ မရခဲ့တဲ့အတွက် ခက်ခဲတဲ့ ဘောလုံးရာသီတခု ရင်ဆိုင်ခဲ့ရပြီး အသင်းပြောင်းရွှေ့ဖြစ်မလား ဆိုတာကတော့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ဆောက်ရွက်မှာဖြစ်တယ်လို့ လူကာကူက ပြောပါတယ်။

No comments:

Post a Comment