Pages

Saturday, June 22, 2019

ဂျော်ဂျီယာလွှတ်တော်ဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်

ဂျော်ဂျီယာ လွှတ်တော်အပြင်ဘက်မှာ အကြမ်းဖက်ဆန္ဒပြပွဲဖြစ်ပြီး နောက်တနေ့မှာပဲ လွှတ်တော်ဥက္ကဋ္ဌ အီရတ်ကီကိုဘတ်ရှီ  ရာထူးကနုတ်ထွက်သွားခဲ့တယ်လို အာဏာရပါတီက ဇွန်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။ ဂျော်ယာလွှတ်တော်ကို ရုရှားလွှတ်တော်အမတ် လာရောက်လည်ပတ်တဲ့အပေါ် ဆန္ဒပြရာကနေ  ပဋိပက္ခဖြစ်ခဲ့ပြီး ရာနဲ့ချီတဲ့လူတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


အာဏာရ GEORGIAN DREAM PARTY အထွေထွေအတွင်ရေးမှူးက လွှတ်တော်ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်တာဟာ ပါတီက တာဝန်ခံမှုရှိတာကို ပြသတဲ့ သက်သေဖြစ်ပြီး အတိုက်အခံတွေ တောင်းဆိုချက်ကို လိုက်လျောတာမဟုတ်ဘူးလို့ ပြောပါတယ်။

ဘယ်လာရုစ်နိုင်ငံကို အလည်ရောက်ရှိနေတဲ့ ဂျော်ဂျီယာသမ္မတဟာလည်း ပြည်တွင်းပြဿနာကြောင့် ခရီးစဉ်ချုံ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment