Pages

Sunday, June 30, 2019

တပ်မတော်က အပစ်ရပ်ကာလ နှစ်လ ထပ်တိုးထုတ်ပြန်

တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုမှာ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်ရပ်သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်က ဒီနေ့ညနေမှာ သတင်းထုတ်ပြန်ပါတယ်။ မူလ အပစ်ရပ်ကြေညာထားတဲ့နေရာတွေမှာ အပစ်ရပ်သက်တမ်း နှစ်လ ထပ်တိုးလိုက်တာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။



အစိုးရတပ်မတော်က တစ်ဖက်သတ်အပစ်ရပ်ထားတဲ့ ခြောက်လနီးပါး ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်တာကြောင့် အပစ်ရပ် သက်တမ်း နှစ်လ ထပ်တိုးလိုက်တာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အပစ်ရပ်ထားချိန်အတွင်း ရှမ်းနဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ကျလာခဲ့သလို KIA နဲ့ဆိုရင် တိုက်ပွဲတွေ မဖြစ်သလောက်နည်းပါးခဲ့တယ်လို့လည်း ပြောပါတယ်။

No comments:

Post a Comment