Pages

Saturday, June 22, 2019

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေအတွက် ကျပ်သန်းသုံးသောင်းကျော်သုံးရန် လွှတ်တော်တင်ပြ

၂၀၁၈-၁၉ ဘဏ္ဍာ ရေးနှစ် ဖြည့်စွက်ရန်ပုံငွေအတွက် ကျပ်သန်း ၃၄,၀၀၀ ကျော်အသုံး ပြုရန် ဇွန်လ ၂၁ ရက်တွင် ကျင်းပ သော မန္တလေးတိုင်းလွှတ်တော် အစည်းအဝေး၌ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး မြတ်သူက တင်ပြသည်။ မန္တလေး တိုင်းဒေသကြီး ဌာနဆိုင်ရာအသီးသီးနှင့် အဖွဲ့အ စည်းများ၏ ဖြည့်စွက်ရန်ပုံငွေအ ဖြစ် ကျပ်သန်း ၃၅,၀၀၀ ကျော် တင်ပြတောင်းခံသော်လည်း ပြည် ထောင်စုအစိုးရက စိစစ်လျှော့ ချမှုကြောင့် ကျပ်သန်း ၃၄,၀၀၀ ကျော် အသုံးပြုရန် လွှတ်တော်သို့ တင်ပြခဲ့သည်။



‘‘ခွင့်ပြုငွေကို သုံးစွဲဖို့ ၂၀၁၈ -၁၉ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုဥပဒေကို ပြဋ္ဌာန်းရမည်ဖြစ်ပါသဖြင့် လွှတ် တော်မှ အတည်ပြုပေးရန် တင်ပြ အပ်ပါတယ်’’ ဟု ဦးမြတ်သူက လွှတ်တော်သို့ တင်ပြသည်။

 ဖြည့်စွက်ရန်ပုံငွေ အသုံး ပြုရန် နောက်ထပ်ဘဏ္ဍာငွေ ခွဲ ဝေသုံးစွဲမှုဥပဒေကို ပြဋ္ဌာန်းရမည် ဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဇွန်လ ၂၆ ရက်တွင် လွှတ်တော်၌ ဆွေးနွေးမည်ဖြစ် သည်။ ထို့အပြင် မန္တလေးတိုင်းဒေ သကြီးတွင် ၂၀၁၉-၂၀ ဘဏ္ဍာ ရေးနှစ်၌ အသုံးပြုမည့် ဘဏ္ဍာ ရန်ပုံငွေ ကျပ်သန်း ၃၆၂,၀၀၀ ကျော်ကို လွှတ်တော်ကအတည် ပြုပေးရန် ဝန်ကြီးဦးမြတ်သူက တင်ပြပြီး အဆိုပါငွေစာရင်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသူများ စာရင်းပေးရန် လွှတ်တော်ဥက္ကဋ္ဌ က ပြောကြားသည်။

No comments:

Post a Comment