Pages

Saturday, June 22, 2019

ဘာသာရေးဆရာက ကလေးငယ်နှစ်ဦးကိုအဓမ္မပြုကျင့်သည်ဆိုသောအမှု ဥပဒေအတိုင်း အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီးပြော

ကလေးမြို့နယ်တွင် ခရစ်ယာန်ဘာသာရေးဆရာတစ် ဦးက အသက်မပြည့်သေးသော ညီအစ်မနှစ်ဦးကို အဓမ္မပြုကျင့်သည်ဆိုသောအမှု ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ဆန်းက ပြောသည်။  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကြို့သုံးပင်ရပ်ကွက် တွင် အဘွားနှင့်အတူ နေထိုင်သော အသက်(၁၁)နှစ်နှင့် (၁၃) နှစ်အရွယ် မိန်းကလေးနှစ်ဦးကို (၄၅)နှစ်အရွယ် ဦးဆွမ်ဇမုန်အမည်ရှိ  ဘာသာရေးဆရာတစ်ဦးက အဓမ္မပြုကျင့်သည်ဟု သံသယရှိ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးထား သည်။ တောင်ဖီလာရပ်ကွက်ရှိ ခရစ်ယာန်ဘာသာရေး အဆာက်အအုံတစ်ခုတွင် ဇွန်လ ၁၄ ရက် နှင့် ၁၅ ရက်က အထက်ပါ မှုခင်းဖြစ်ခဲ့ပြီး ဘာသာရေးဆရာဆိုသူ ကို ဇွန်လ ၁၅ ရက် ည၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။



‘‘ဥပဒေနဲ့ အညီဖြစ်ဖို့ လို တယ်။ အဲဒီအတွက် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမယ်’’ ဟု အထက်ပါ သတင်းနှင့်ပတ် သက်၍ ဝန်ကြီး ဦးလာလ်ထောင် ဆန်းက ပြောသည်။

ကလေးငယ်နှစ်ဦးစလုံးရော ဘာသာရေးဆရာပါ ချင်းတိုင်းရင်းသားများဖြစ်ပြီး အဆိုပါအမှုကို ဥပဒေအတိုင်း အရေးယူနိုင်ရေး ကလေးမြို့ အခြေစိုက်အရပ် ဘက်အဖွဲ့အစည်းများကပါ ပူး ပေါင်းဆောင်ရွက်နေသည်။

ချင်းတွင်းကွန်ရက် အရပ် ဘက်အဖွဲ့မှ ဦးကျော်သက်ဝင်းက ‘‘ဒီလိုအမှုမျိုး ကလေးမြို့နယ်မှာ အရင်ကလည်း ဖြစ်ဖူးတယ်။ ဥပဒေအတိုင်းဖြစ်ဖို့ စောင့်ကြည့်နေ မှာပါ’’ ဟု ပြောသည်။

 အမျိုးသမီးများ အရေး ဆောင်ရွက်နေသော ကလေးမြို့ အခြေစိုက် Women for justice -wj အဖွဲ့မှ တာဝန်ရှိသူများက လည်း အဓမ္မပြုကျင့်ခံရသည်ဆို သော ကလေးငယ်နှစ်ဦးနှင့် မိသားစုဝင်များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူများကို ဇွန်လ ၂၀ ရက်က သွားရောက် တွေ့ဆုံခဲ့သည်။ အဆိုပါအမှုအ တွက် နစ်နာသူဘက်မှ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်ချက်များကို ကူညီမည်ဟု Women for justice - wj က ဆိုသည်။

ဦးဆွမ်ဇမုန်သည် ကြို့သုံး ပင်ရပ်ကွက်သို့ ရောက်လာသည် မှာ လေးနှစ်ခန့်သာရှိသေးပြီး ဒေသခံတိုင်းရင်းသားအချို့က ဘာသာရေးအယူအဆအရ ယုံကြည်ကြသည်ဟု ခရစ်ယာန်ဘာသာဝင် အသိုင်းအ၀ိုင်းက ဆိုသည်။ ကလေးငယ်နှစ်ဦး၏ အဘွားက ၎င်း၏မြေးနှစ်ဦးကို ဘာသာရေးယုံကြည်မှုအရ ဆုတောင်းပေးရန် ဦးဆွမ်ဇမုန်နေထိုင်ရာ ဘာသာရေးအဆောက်အအုံသို့ ပို့ဆောင်ရာမှ အဓမ္မပြုကျင့်မှု ဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဦးဆွမ်ဇမုန်ကို ကလေးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁ဝ နှစ်ထိဖြစ်စေ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။ ချင်းပြည်နယ်နှင့် နယ်ချင်းထိစပ်နေပြီး ဘာသာရေးဆရာ များအပေါ် ယုံကြည်ကိုးကွယ်မှု များပြားသည့် ကလေးဒေသတွင် ၂၀၁၈ ကလည်း ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက ၎င်းခေါ်ယူစောင့်ရှောက်ထားသော အသက်မပြည့်သေးသည့် မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ခဲ့သည်။ ယင်းအမှုကို စစ်ဆေးပြီးနောက် ဘာသာရေးဆရာကို ကလေးခရိုင်တရားရုံးက အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၄၃နှစ်ချမှတ်ခဲ့သည်။

No comments:

Post a Comment