Pages

Tuesday, June 18, 2019

တရားခွင်ထဲတွင်လဲကျခဲ့ပြီးနောက် ဆေးရုံတွင် ကွယ်လွန်ခဲ့သော အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီ၏ ရုပ်အလောင်းအား သဂြိုဟ်ပြီးစီး

တရားခွင်ထဲတွင် မူးမေ့လဲကျခဲ့ပြီးနောက် ဆေးရုံတွင် ကွယ်လွန်ခဲ့သော အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီ၏ ရုပ်အလောင်းအား ယနေ့နံနက်စောစောပိုင်းက ကိုင်ရိုမြို့ အရှေ့ပိုင်းရှိ သုဿာန်တစ်ခု၌ မြှုပ်နှံပြီးစီးကြောင်းသိရသည်။ အသက်(၆၇)နှစ်အရွယ်ရှိပြီဖြစ်သော သမ္မတဟောင်းမော်စီသည် သူ့အားတရားရုံးဝယ် ကြားနာစစ်ဆေးနေစဉ် တရားခွင်ဝယ် မူးမေ့လဲကျခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ကုသသော်လည်း ဆေးရုံတွင် ယမန်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။



မော်စီသည် အာဏာမှဖယ်ရှားခြင်းခံခဲ့ရသည့် ၂၀၁၃ ခုနှစ်ကတည်းက အကျဉ်းကျနေခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များကမူ သမ္မတဟောင်းမော်စီ ကွယ်လွန်ရခြင်းနှင့်ပတ်သက်၍ သမာသမတ်ကျသည့် စုံစမ်းစစ်ဆေးမှုတစ်ပြုလုပ်စေလိုကြောင်းတောင်းဆိုကြသည်။

မော်စီ၏ ရုပ်အလောင်းအား သူ့ဇာတိမြို့တွင် မြှုပ်နှံရန် ကျန်ရစ်သူမိသားစုတောင်းဆိုခြင်းကို အီဂျစ်အာဏာပိုင်များက ငြင်းဆန်ခဲ့ကြောင်း မော်စီ၏ သားဖြစ်သူက ရိုက်တာသတင်းဌာနသို့ပြောသည်။

No comments:

Post a Comment