Pages

Friday, June 7, 2019

နယူးကာဆယ် ပိုင်ရှင်ဖြစ်လာပါက မော်ရင်ဟို သို့မဟုတ် ဝင်းဂါးကို ခါလက် ခန့်အပ်မည်

အဘူဒါဘီအခြေစိုက် ဘီလျံနာတစ်ဦးဖြစ်သူ ရှိတ်ခါလက်သည် နယူးကာဆယ်အသင်းကို ပြန်လည်ဝယ်ယူရန် ကြိုးပမ်းလျက်ရှိရာ ၎င်းင်းပိုင်ရှင်ဖြစ်လာပါက လက် ရှိနည်းပြဘင်နီတက်ဇ်ကို ရာထူးမှထုတ်ပယ်ပြီး မော်ရင်ဟို သို့မဟုတ် ဝင်းဂါးဖြင့် အစားထိုးခန့်အပ်သွား ရန်စီစဉ်နေကြောင်း သတင်းများ ကဖော်ပြခဲ့သည်။
လက်ရှိအသင်းပိုင်ရှင် မိုက်အက်ရှ်လေသည် ဇွန်လကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘင်နီတက်ဇ်နှင့် စာချုပ် သစ်ဆွေးနွေးမှုများကို ရွှေ့ဆိုင်းထားပြီး အသင်းကိုပြန်လည်ရောင်းချရန် ရှိတ်ခါလက်နှင့် ဆွေးနွေးလျက်ရှိသည်။ Mirror သတင်းစာ၏ဖော်ပြချက်အရ ရှိတ်ခါလက်မှာ နည်းပြအဖြစ် မော်ရင်ဟို သို့မဟုတ် ဝင်းဂါးကို ခန့်အပ်တာဝန်ပေးရန်အလိုရှိနေခြင်းကြောင့် ခါလက်သာ ပိုင်ရှင်သစ်ဖြစ်လာပါက ဘင်နီတက်ဇ်အနေဖြင့် နယူးကာဆယ်မှ ထွက်ခွာရဖွယ်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment