Pages

Thursday, June 20, 2019

အစိုးရဝယ်ယူထားသောကျောင်းကားများမှာ ရပ်ထားခြင်းမဟုတ်၊ ပျက်လျှင် အရေးပေါ်အစားထိုးရန် အဆင်သင့်ပြင်ထားခြင်းဟု ဝန်ကြီးချုပ်ဆို

အစိုးရဝယ်ယူ ထားသည့် ကျောင်းကားများသည် ရပ်ထားခြင်းမဟုတ်ဘဲ ပျက်လျှင် အရေးပေါ် အစားထိုးပေးရန် အတွက် အဆင်သင့်ပြင်ထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ""ကျောင်းကားကရှိသမျှကား အကုန်ပြေးနေလို့မရပါဘူး။ ဘာ ကြောင့်လဲဆိုရင် ကျောင်းကားက ပျက်လို့မရပါဘူး။ ပျက်ရင်ကလေး က ကျောင်းမတက်ရတော့ဘူး ဖြစ်သွားမယ်။ အရေးပေါ်ဆိုရင် အမြန်ဆုံးအစားထိုးပေးဖို့ စီစဉ် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်"" ဟု ゞင်းကပြောသည်။



၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှစ၍ TTC (ကမာ ရွတ်)နှင့် TTC(ရန်ကင်း)ကျောင်း တို့တွင် ကျောင်းကားစုစုပေါင်း၆၇  စီးကို ပြေးဆွဲခဲ့ပြီး လက်ရှိတွင် ကျောင်းကားစီးရေ ၁၀ဝ ခန့်ပြေး  ဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရအနေဖြင့် ကျောင်းကားပြေးဆွဲရေး ဈေးကွက် ထဲ ဝင်လိုခြင်းကြောင့် မဟုတ်ဘဲ စနစ်ကျသည့် ကျောင်းကားစနစ် တစ်ခုဖြစ်ပေါ်စေလိုသည့် ရည်ရွယ် ချက်ဖြင့် ဝင်ရောက်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

""ဒီကဏ္ဍကိုလည်း ပုဂ္ဂလိက ကနေ လုပ်နိုင်မယ်ဆိုရင် ပေးချင် ပါတယ်။ ပုဂ္ဂလိက မလုပ်နိုင်သေး ဘူး။ ဒီဥစ္စာက လုပ်ရခက်ခဲတဲ့ ပုံစံဖြစ်နေတယ်ဆိုရင် ကျွန်တော် တို့ အစိုးရဘက်ကနေ တတ်နိုင် သလောက် YRTA ရဲ့social business တခုလို ဝင်လုပ်ပေးဖို့ အတွက် ပြင်ဆင်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်""ဟု ၄င်းကပြော သည်။

ကျောင်းကားများကို YRTA ပိုင် ကားများအဖြစ် ပြေးဆွဲခြင်း ထက် ပုဂ္ဂလိကကဏ္ဍနှင့် PPP လုပ်ဆောင်ရန် မျှော်မှန်းထား ကြောင်း ရန်ကုန်တိုင်းအစိုးရအ ဖွဲ့ထံမှ သိရသည်။ကျောင်းကားလုပ်ငန်းကို ပုဂ္ဂလိကကဏ္ဍမှ ဝင်ရောက်ဆောင် ရွက်မည်ဆိုပါက က.ည.န ၏မူဘောင် စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာရန် လိုအပ်မည်ဖြစ် ကြောင်း သိရသည်။

တစ်ဦးချင်းပိုင်ကျောင်းကားများတွင် လိုက်ထရတ်အုပ်စုဝင် ကားများဖြင့် ကျောင်းကားပြေး ဆွဲခြင်းကို ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်မှစ၍ ခွင့်မပြုတော့ဘဲ ကညန၏ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသောတစ်ဦးချင်းပိုင်လိုက် ထရတ်မဟုတ်သည့် ကျောင်းကား များကိုမူ ဆက်လက်ပြေးဆွဲခွင့် ပြုခဲ့သည်။ကိုရီးယားအစိုးရနှင့်ရန်တိုင်းဒေသကြီးအစိုးရတို့G to G စနစ် ဖြင့် ကိုရီးယားနိုင်ငံ၊ ဟွန်ဒိုင်း ကားကုမ္ပဏီထုတ် ကျောင်းကား Bus အစီး ၂၀ဝ ကို ၂၀၁၇ ခုနှစ် က ဝယ်ခဲ့သည်။

No comments:

Post a Comment