၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းမှ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများမှ ဆရာ၊ဆရာမများအား ဒုတိယအကြိမ် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၅ရက်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်အမှာစကားပြောကြားခဲ့ပြီး လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များက ဆုများချီးမြှင့်ပေးခဲ့သည်။
No comments:
Post a Comment