Pages

Saturday, June 22, 2019

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၏ အလုပ်အကိုင်ပြပွဲမှ ကျောင်းသား၊ကျောင်းသူများအပေါ် အကျိုးသက်ရောက်မှုများ

Image may contain: 4 people, people smiling, people sitting and indoorအမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုပ်ငန်းခွင် ရှေ့ပြေးအတွေ့အကြုံများ ရရှိစေရန်အတွက် တတိယနှစ်နှင့် စတုတ္ထနှစ် သို့ ရောက်သည့်အချိန်တွင် ဘာသာရပ်နှင့်သက်ဆိုင်သည့် ပြင်ပလုပ်ငန်းခွင်များ၌ လက်တွေ့လေ့လာခြင်းများ ပြုလုပ်ရသည်။ ဘာသာရပ်အလိုက် လက်တွေ့လေ့လာရေးလုပ်ငန်းခွင်များကို ကျောင်းမှ ဆရာ၊ ဆရာမများက ရှာဖွေ စီစဉ်ပေးသကဲ့သို့ ကျောင်းသား၊ ကျောင်းသူများမှလည်း မိမိတို့လေ့လာလိုသည့် လုပ်ငန်းခွင်များကို ကိုယ်တိုင် ရှာဖွေနိုင်သည်။


ထိုကဲ့သို့ ရှာဖွေရာတွင် လွယ်ကူအဆင်ပြေစေရန် ကျောင်းတွင် နှစ်စဉ်နှစ်တိုင်း အလုပ်အကိုင်ပြပွဲကြီးကိုလည်းေ ကျာင်းသား၊ ကျောင်းသူများက ကိုယ်တိုင်ဦးဆောင်ကာ ပြုလုပ်ပေးလျက်ရှိသည်။ အလုပ်အကိုင် ပြပွဲကြီးကို ကျင်းပလာသည်မှာ ယခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ရှိပြီဖြစ်ရာ ပြပွဲတွင် ပူးပေါင်းပါဝင်သော ပြည်တွင်းပြည်ပ ကုမ္ပဏီများမှာလည်း တစ်နှစ်ထက် တစ်နှစ် အရေအတွက် များပြားလာပြီး ပိုမိုထူးခြားကောင်းမွန်သော အစီအစဉ်များဖြင့် ပြုလုပ်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဤအလုပ်အကိုင်ပြပွဲမှ လုပ်ငန်းခွင် လက်တွေ့ လေ့လာခြင်းအခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိသော ကျောင်းသား၊ကျောင်းသူအရေအတွက်မှာလည်း တစ်နှစ်ထက် တစ်နှစ်များ ပြားလာသည်။

ယခင်နှစ် 4th NMDC Career Fair ၏ စစ်တမ်းများအရ ယခင်နှစ် စတုတ္ထနှစ်ကျောင်းသား၊ကျောင်းသူများ၏ ၁၀ ရာခိုင်နှုန်းသည် အချိန်ပြည့်အလုပ်အကိုင်များ ရရှိခဲ့ပြီး ကျန်ကျောင်းသား၊ ကျောင်းသူများ၏ ၁၉ ရာခိုင်နှုန်း သည် လုပ်ငန်းခွင် လက်တွေ့လေ့လာခွင့်များ ရရှိခဲ့ကြသည်။

ထို့ပြင် ပွဲသို့တက်ရောက်သော ကျောင်းသား၊ ကျောင်းသူတိုင်းသည် လုပ်ငန်းခွင် နယ်ပယ်အသီးသီးရှိ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအကြောင်းကို သေချာစွာ သိရှိနားလည်ခဲ့ကြသည်။ အင်တာဗျူးများ မေးမြန်းဖြေကြားပြီး မိမိ၏ လူမှုဆက်ဆံရေးနယ်ပယ်အား တိုးချဲ့ရန်အတွက် အခွင့်အရေးများစွာလည်း ရရှိခဲ့ကြသည်။

NMDC ၏ Fresh Graduate များထဲမှ ၂၁ ရာခိုင်နှုန်းခန့်သည်လည်း ၎င်းတို့၏ ပထမဦးဆုံးအလုပ်အကိုင်ကို ကျောင်း၏ အလုပ်အကိုင်ပြပွဲ မှရရှိခဲ့ကြသည်။ ဤစစ်တမ်းများကို ကြည့်ခြင်းအားဖြင့် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများသာမက ပညာသင်ယူနေသော ကျောင်းသား၊ သူများပါ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်ငန်းခွင် လက်တွေ့ လေ့လာသည့် အခွင့်အရေးများကို ကျောင်းတွင်းအလုပ်အကိုင်ပြပွဲမှ ရရှိခဲ့ကြောင်း သိရှိရသည်။

ပညာသင်ကြားနေစဉ် အတောအတွင်း လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန်အတွက် ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်ပြပွဲကို ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည့်အတွက် နောင်နှစ် အလုပ်အကိုင်ပြပွဲများတွင်လည်း NMDC မှ ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန် ပြည့်စုံသော အလုပ်အကိုင်နှင့် လုပ်ငန်းခွင် လက်တွေ့လေ့လာသည့် အခွင့်အလမ်းများ ရရှိစေရန် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်သည်။

No comments:

Post a Comment