Pages

Monday, June 17, 2019

မန်ယူက ရက်ရှ်ဖို့ဒ်ကို တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲပေးကာ စာချုပ်ချုပ်ရန် ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး မားကတ်စ်ရက်ရှ်ဖို့ဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲထိပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။



အခုလစာဟာ မန်ချက်စတာယူနိုက်တက် အသင်းကစားသမားတွေထဲမှာ အလက်ဆစ်ဆန်းချက်ဇ်ပြီးရင် အများဆုံးရရှိမယ့် ပမာဏလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အနာဂတ်မှာ ကစားသမားကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် စာချုပ်သစ်တွေ ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်အပြင် ဒီဂီယာကိုလည်း အသင်းမှာ ဆက်ရှိနေရေးအတွက် စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက အသည်းအသန်ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပေါ့ဘာကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။

No comments:

Post a Comment