Pages

Sunday, June 16, 2019

မဟာသန္တိသုခကျောင်းတော်ပိုင်ဆိုင်မှု ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် လန်ဒန်ဆရာတော်မိန့်ကြား

မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး အရေးတော်ပုံငါးနှစ်ပြည့် အခမ်းအနားမှတစ်ဆင့် ကျောင်းပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီအမြန်ဆုံးဖြေရှင်းပေးရေးတောင်းဆိုကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားခဲ့သည်။ လွန်ခဲ့သောငါးနှစ်ခန့်ကမဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး အား ပိုင်ဆိုင်မှုအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ညအချိန်မတော်တွင် ကျောင်းကို ဝင်ရောက်စီးနင်းချိပ်ပိတ်ခဲ့ပြီး ကျောင်းရှိသံဃာတော်များအား ဖယ်ရှားခဲ့သည်။



ထို့နောက် အငြင်းပွားမှုဖြေရှင်းရာတွင် ငါးနှစ်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ယနေ့တိုင် ပြေလည်မှုတစ်စုံတစ်ရာမရသေးပေ။

အခမ်းအနား၌ လွန်ခဲ့သောငါးနှစ်ခန့်က ညဥ့်နက်သန်းခေါင်ဝင်ရောက်စီးနင်းစဉ် ကျောင်းတော်ကြီးတွင် သီတင်းသုံးနေသောပီနန်ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သည့် လန်ဒန်ဆရာတော်အပါအဝင် အာဂန္တုသံဃာတော်လေးပါး ယနေ့အထိ အမှုရင်ဆိုင်ရသည့်ကိစ္စများပြောဆိုခဲ့ပြီး အမှုကိစ္စကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏စကားအတိုင်း ဥပဒေနှင့်အညီဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

အခမ်းအနားတက်ရောက်လာကြသူများက မဟာသန္တိသုခကျောင်းရှေ့သို့ချီတက်ပြီး ကျောင်းတော်ကြီးပြန်လည်ရရှိရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟူသော ကြွေးကြော်သံဖြင့် ကြွေးကြော်ခဲ့ကြသည်။

''ဒီနေရာကနေ တောင်းဆိုချင်တာက ဘယ်သူပိုင်ဆိုင်တယ်ဆိုတာကို တိတိကျကျ နိုင်ငံတော်အစိုးရကကြီးမှူးပြီး၊ ကြီးကြပ်ပြီးတော့မှဓမ္မဝိနယနဲ့အညီ၊ တရားဥပဒေနဲ့လည်းညီရမယ်။ ဝိနည်းနဲ့လည်းညီရမယ်။ သိက္ခာပုဒ်တွေ၊ အဆုံးအဖြတ်တွေနဲ့လည်းညီရမယ်။ နှစ်

ကာလကြာမြင့်လာတာနဲ့အမျှ သာသနာရေးဦးစီးဌာနက သူတို့မှန်သလိုထင်လာတယ်။ အမှန်လို့ထင်လာရင် ကျောင်းကြီးကို မတော်မတရားယူထားရင် ဝိနည်းသိက္ခာနဲ့ ငြိစွန်းသွားနိုင်တယ်။ ဘုန်းကြီးတို့တရားစွဲဆိုခံထားရတဲ့ ၂ဝ/၉ဝ ကလည်းပဲ မြန်မာနိုင်ငံမှာအခုလက်ရှိ ဒီမိုကရေစီအစိုးရအနေနဲ့ မထားသင့်တော့တဲ့ပုဒ်မဖြစ်လို့ လွှတ်တော်မှာအဆိုတင်ပြီးဖျက်သင့်ပါတယ်''ဟု လန်ဒန်ဆရာတော်က မိန့်ကြားခဲ့သည်။

ကမ္ဘာ့သာသနာပြု လန်ဒန်ဆရာတော်အပါအဝင် သံဃာတော်လေးပါးကို သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ- ၂၉၅ (က)၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၂ဝ/၉ဝ တို့ဖြင့် တရားစွဲဆိုခဲ့ရာလက်ရှိတွင်သာသနာ တော်ညှိုးနွမ်းစေမှုပုဒ်မ- ၂၉၅(က) အား စွဲဆို

ထားရာမှ ပယ်ဖျက်ပေးပြီးဖြစ်သော်လည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေပုဒ်မ ၂ဝ/ ၉ဝ ဖြင့် ရုံးချိန်းပေါင်းများစွာ တရားရင်ဆိုင်နေရဆဲဖြစ်သည်။

No comments:

Post a Comment