Pages

Sunday, June 30, 2019

ပဲခူး ဟံသာဝတီမြို့ရိုးဟောင်းအတွင်း ကျူးကျော်အဆောက်အဦများ ဖယ်ရှားမည်

Image may contain: sky, cloud, outdoor and natureပဲခူး ဟံသာဝတီမြို့ရိုးဟောင်းနဲ့ ကျုံးရိုး ကို ဆက်လက်တူးဖော်တဲ့အခါ ကျုံးအတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကို ဖယ်ရှားသွားမယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဋ္ဌေးက “၁၅၅၁ ခုနှစ် လောက်ကတည်းက ဘုရင့်နောင်မင်းတရားကြီးတည်ထောင်ခဲ့တဲ့ ပဲခူးဟံသာဝတီ မြို့ရိုးဟောင်း ကို ၂၀၁၉ ဇန်နဝါရီ ၁၇ ရက်နေ့ကတည်းက စတင်တူးဖော်နေပါတယ်။
အဲဒီကျုံးအတွင်မှာ ဟိုး အရင်နှစ်ပေါင်းများစွာကတည်းက ဘာသာရေး အဆောက်အဦတွေ၊ ဌာနဆိုင်ရာ အဆောက်အဦ တွေ ကျူးကျော်နေထိုင်သူတွေနဲ့ ဈေးဆိုင်ခန်းတွေအပါအ၀င် အဆောက်အဦ ပေါင်း ၂၄၀၀ ကျော်လောက်ရှိပါတယ်။ တူးဖော်တာတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် ကျုံးအတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကိုတော့ ဖယ်ရှားသွားမယ်”လို့ ပြောပါတယ်။

လက်တလောအနေအထားမှာတော့ ကျုံးက စ တူးရုံပဲရှိသေးတဲ့အတွက် စာရင်း ကောက်ယူထားရုံလောက်ပဲ ရှိပါသေးတယ်။ အဲဒီထဲမှာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်း တွေလည်း ပါဝင်နေပြီး တချို့ဘုန်းကြီးကျောင်းတွေကတော့ စေတီပုထိုးတွေပါတည်ထားတဲ့အပြင် သတင်းသုံးနေထိုင်တာလည်းကြာပြီဖြစ်လို့ လက်ရှိနေရာမှာဘဲ ဆက်လက်နေချင်တဲ့ဆန္ဒတွေ ရှိနေကြပါတယ်။

ကျူးကျော်နေထိုင်သူ ဒေါ်ခင်ပုကတော့ “နေစရာနေရာမရှိလို ၀င်ရောက်ကျူးကျော် နေထိုင်ရတာဖြစ်တဲ့အတွက် တကယ်လို့ ဖယ်ရှာပေးရမယ်ဆိုရင်လည်း နေရာအစား စီစဉ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

အဲဒီရှေးဟောင်းမြို့ရိုးနဲ့ ကျုံးအတွင်းမှာ ဘာသာရေးအဆောက်အဦက ၃၀၊ ဋ္ဌာနဆိုင်ရာအဆောက်အဦ က ၇၈ ခု ၊ အခိုင်အမာဆောက်လုပ်ထားတဲ့ အဆောက်အဦက ၂၂ ခု၊ ကျူးကျော်အဆောက်အဦက ၂၂၃၄ ခု နဲ့ ဈေးဆိုင်ခန်းတွေက ၇၁ ခုရှိပါတယ်။

ရှေးဟောင်းသုတေသနဌာနအနေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို အပြီးအစီး ဖော်ထုတ်ရတော့မယ်ဆိုရင် အဲဒီအဆောက်အဦးတွေကို ၁၉၉၈ ခုနှစ်ကထုတ်ပြန်ထားတဲ့ ရှေးဟောင်းအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ၂၀၁၅ ခုနှစ်က ထုတ်ပြန်ထားတဲ့ ရှေးဟောင်းအဆောက်အအုံ ကာကွယ်ထိန်းသိမ်းရေးဥပဒေ နဲ့ ၂၀၁၄ ခုနှစ်က ပဲခူးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး ဥပဒေတို့အပြင် နောက်ထပ်ထပ်မံထုတ်ပြန်လာမယ့် ဥပဒေတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment