Pages

Saturday, June 15, 2019

တရုတ်တွင် တံတားတစင်း ပြိုကျ၊ လူ ၂ ဦး ပျောက်ဆုံး

တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ဟေယွမ်မြို့မှာ ဇွန်လ ၁၄ ရက်နေ့က တံတားတစင်းပြိုကျပြီး လူ နှစ်ယောက် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။ ဒေသစံတော်ချိန် မနက် ၂ နာရီဝန်းကျင်က မြို့ရဲ့ အချက်အခြာ ကျိလင်းတံတားရဲ့ အလယ်ပိုင်း ပြိုကျပြီးး တံတားနဲ့အတူ ကားနှစ်စီး ရေထဲကျသွားတယ်လို့ သတင်းက ဆိုပါတယ်။ ပျောက်ဆုံးသူ နှစ်ယောက်ဟာ SUV ယာဉ်မောင်း တယောက်နဲ့ တက္ကစီခရီးသည် တယောက်တို့ ဖြစ်ပါတယ်။ တက္ကစီယာဉ်မောင်းကိုတော့ တံတားပြိုကျပြီး ၈ မိနစ်အကြာမှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။



The Paper ဒေသသတင်းစာအဆိုအရ တံတားပြိုကျချိန် ကားမှန်ကွဲသွားပြိး ရေထဲကျချိန် ကားထဲရေတွေ ၀င်လာတယ်လို့ တက္ကစီယာဉ်မောင်းက ပြောပါတယ်။

တက္ကစီယာဉ်မောင်းဟာ ထိုင်ခုံခါးပတ်ဖြုတ်ပြီး ခရီးသည်ကို ကားထဲက ဆွဲထုတ်ခဲ့ပေမယ့် မအောင်မမြင်ဘဲ ကိုယ်လွတ်ရုန်းခဲ့ရတယ်လို့ သတင်းစာက ဖော်ပြပါတယ်။

ဂွမ်ဒေါင်းပြည်နယ် ဟေယွမ်မြို့မှာ ရှိတဲ့ ကျိလင်းတံတားဟာ မီတာ ၄၂၀ ရှည်ပြီး ၁၉၇၂ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ တံတားပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ နိုင်ငံပိုင်မီ ဒီယာက သတင်းထုတ်ပြန်ပါတယ်။

No comments:

Post a Comment