Pages

Saturday, June 22, 2019

အမေရိကန် ရေနံချက်စက်ရုံတခု မီးအကြီးအကျယ်လောင် ပေါက်ကွဲ

အမေရိကန်နိုင်ငံ ပင်ဆာဗေးနီးယားပြည်နယ်က ရေနံချက်စက်ရုံတခုမှာ ဇွန်လ ၂၁ ရက်က မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။ ဒေသမီဒီယာပြောကြားချက်အရ အဲဒီနေရာမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီရေနံချက်စက်ရုံဟာ တနေ့ကို ရေနံစည် ၃၃၅,၀၀၀ ထုတ်လုပ်တဲ့ Philadelphia Energy Solutions ဖြစ်ပြီး မီးတောက်ကြီးကို မိုင်များစွာကနေ မြင့်တွေ့နိုင်ပါတယ်။

အဲဒီမီးတောက်ကြောင့် ပေါက်ကွဲမှုတွေဖြစ်ပြီး အဲဒီလိုပေါက်ကွဲတာကို ဂျာစီတောင်ပိုင်း ကနေတောင် သိရှိခံစားနိုင်ပါတယ်။

မီးလောင်မှုကြောင့် စက်ရုံရေနံစိမ်းကြိုချက်တဲ့အပိုင်းကို ပိတ်ပစ်ခဲ့တယ်လို့ ထောက်ပို့ကုမ္ပဏီ Genscape ကပြောပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမား ၁ ထောင်ဝန်းကျင် အလုပ်လုပ်နေပြီး ထိခိုက်သေဆုံးသတင်းကို ချက်ချင်း မသိရသေးပါဘူး။

အဲဒီမီးကို မီးသတ်ဌာန ၃ ခုနဲ့ အန္တရာယ်ရှိပစ္စည်းများ တုံ့ပြန်ရေးအဖွဲ့တွေ ရောက်ရှိ ငြှိမ်းသတ်နေတယ်လို့ မီးသတ်တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

No comments:

Post a Comment