Pages

Friday, June 28, 2019

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ နားကြပ်တပ်ပြီး လမ်းလျှောက်သူတွေ ရထားတိုက်မိပြီးသေဆုံး

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့တော်မှာ (၂၀၁၀) ခုနှစ်ကစတင်ပြီး ရထားသံလမ်းမှာ နားကြပ်တပ်ရင်း လမ်းလျှောက်လို့ ရထား တိုက်မိပြီး သေဆုံးသူ (၅၀၀) ကျော်လောက် ရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။ ဘင်္ဂလားဒေရှ့်မှာ မီးရထားလမ်းတွေပေါ် နားကြပ်တပ်ပြီး လမ်းမလျောက်ကြဖို့ အာဏာပိုင်တွေက တားမြစ်ထားတာပါ။ ဒါပေမဲ့ ပြည်သူတွေကတော့ အခုချိန်ထိ ဒီတားမြစ်ချက်ကို လျစ်လျှူရှုထားတာကြောင့် အခုလို မတော်မတမှုတွေ ဖြစ်ပွားနေတာလို့ ဒါကာရဲအရာရှိချုပ်က ပြောပါတယ်။
(၂၀၁၄)ခုနှစ်မှာ လူ(၁၀၀)ကျော် စံချိန်တင် သေဆုံးခဲ့ပြီး အသိပညာပေး လှုပ်ရှားမှုတွေ လုပ်ဆောင်ပေမယ့် (၂၀၁၈) ခုနှစ်မှာ သေဆုံးသူ (၅၀)ကျော် ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ မီးရထားလမ်းအများစုမှာ ခြံစည်းရိုးခတ် ကာာရံထားတာ မရှိတာကြောင့် နှစ်စဉ် လူ(၁)ထောင်လောက် မတော်တဆမှုတွေ၊ ဒါမှမဟုတ် သေကြောင်းကြံစည်မှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။

No comments:

Post a Comment