Pages

Friday, June 14, 2019

သဘာဝဓာတ်ငွေ့ ပြည်ပသို့ ရောင်းချမှု ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၁၀၀ ခန့်ပိုရ

 ဈေးနှုန်းမြင့်တက်မှု ကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပသို့ သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ယခင်နှစ် ကာလတူထက် ၀င်ငွေကန်ဒေါ် လာသန်း ၁၀၀ ခန့်ပိုရရှိထား ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန်ဦးခင်မောင် လွင်က ပြောသည်။ တရုတ်နှင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ ရှစ်လအတွင်းဒေါ်လာ ၂ ဒသမ ၆ ဘီလီယံရရှိသည်။ ပြီးခဲ့ သည့်နှစ်က နိုင်ငံတကာရေနံဈေး လျော့နည်းမှုကြောင့် ပို့ကုန်ဝင်ငွေ အနည်းငယ် လျော့နည်းသော် လည်း ၂၀၁၈ အောက်တိုဘာ ၁ ရက်ကစတင်သည့် ဘဏ္ဍာနှစ် တွင် ဈေးနှုန်းပိုရသည်ဟု ၎င်းက ဆိုသည်။



‘‘ပို့တဲ့ပမာဏကတော့ ယ ခင်နှစ်အတိုင်းပဲ ဈေးတက်လာ လို့ ပိုရတဲ့သဘောပါ’’ ဟု ဦးခင် မောင်လွင်က ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာ နိုင်ငံ၏နိုင်ငံခြားပို့ကုန်စုစုပေါင်း တွင် ၂၀ ရာခိုင်နှုန်းအထိပါဝင်နေ သော သဘာဝဓာတ်ငွေ့ ပြည်ပ တင်ပို့မှု၌ ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ပြီး ဘဏ္ဍာနှစ်ရှစ်လအတွင်း ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်တင်ပို့ထားသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တွင် သဘာဝဓာတ်ငွေ့ကဲ့သို့ လယ်ယာထွက်ကုန်များ၊ ရေ ထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများနှင့် စက်မှုကုန်ကြမ်း ပစ္စည်းများတင်ပို့မှု တိုးတက်နေ သည်။ စက်မှုကုန်ကြမ်းပစ္စည်းတင် ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာ လတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်ပိုများ ပြီး ပြည်ပပို့ကုန်တိုးတက်မှုအများ ဆုံးဖြစ်သည်။ သတ္တုတွင်းထွက် နှင့် သစ်တောထွက်ပစ္စည်းတင်ပို့ မှု လျော့နည်းခဲ့သည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်ရှစ် လအတွင်း မြန်မာနိုင်ငံ၏ပို့ကုန် တန်ဖိုးစုစုပေါင်းဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ် လာ ၁ ဒသမ ၂ ဘီလီယံကျော် ပိုများသည်။

ပြည်ပပို့ကုန်တန်ဖိုး  တိုး တက်ပြီး သွင်းကုန်တန်ဖိုးလျော့ နည်းမှုက မြန်မာနိုင်ငံ၏ကုန်သွယ် မှုလိုငွေကို ပြီးခဲ့သည့်နှစ်ဘဏ္ဍာ နှစ်ကာလတူထက် ဒေါ်လာနှစ်ဘီ လီယံကျော် လျော့နည်းစေသည်။ ယခုဘဏ္ဍာနှစ်ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၀၀ ကျော်သာရှိ သည်။ ဒီချုပ်အစိုးရသက်တမ်းသုံး နှစ်ကျော်အတွင်း ကုန်သွယ်မှုလို ငွေအနည်းဆုံး ဘဏ္ဍာနှစ်ဖြစ် သည်ဟု မေလအတွင်းဒုတိယ သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များ တွေ့ဆုံပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာသန်းမြင့်က ပြောသည်။

No comments:

Post a Comment