Pages

Saturday, June 29, 2019

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းကို သွားအားပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့သမီးဟာပါ

 အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းသား များကို နော်ဝေးနှင့်ကွာတားဖိုင် နယ်ပွဲတွင် ဘောလုံးကြယ်ပွင့် ဟောင်းဒေးဗစ်ဘက်ခမ်းနှင့် ၎င်း ၏အငယ်ဆုံးသော တစ်ဦးတည်း သောသမီးဟာပါနှင့်အတူ သွား ရောက် တွေ့ဆုံအားပေးခဲ့ သည်။ ဇနီးသည် ဗစ်တိုးရီးယားနှင့် အတူသား၊ သမီးလေးဦးရှိသည့် အနက်အသက် (၇) နှစ်အရွယ် သမီးလေးဟာပါသည် ဖခင်ဘက် ခမ်းနှင့်အတူ အင်္ဂလန်အမျိုးသမီး အသင်းဘောလုံးသမားများနှင့် တွေ့ဆုံအားပေးနေပုံကို အင်စ တာဂရမ်၌ ဖော်ပြခဲ့သည်။


ဟာပါနှင့် အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူးနီကီတာပါရစ်တို့တွဲ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို လည်း ဘက်ခမ်းက ဖော်ပြသည်။

အင်္ဂလန်အမျိုးသမီးအသင်း  နည်းပြနှင့် မန်ချက်စတာအသင်း ဖော်ဟောင်းဖီးလ်နဗီးလ်နှင့် ၎င်း တို့တွဲရိုက်တားသည့် ဓာတ်ပုံကို လည်း ဘက်ခမ်းကဖော်ပြခဲ့ သည်။  အင်္ဂလန်အသင်းကို တစ် နိုင်ငံလုံးကအားပေးနေကြောင်း နှင့် ကံကောင်းပါစေကြောင်း ဆု တောင်းပေးသည်ဟု ဘက်ခမ်း ကရေးသားဖော်ပြခဲ့သည်။ယင်းပွဲ တွင် အင်္ဂလန်အသင်းက နော်ဝေး ကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

No comments:

Post a Comment