အဓမ္မပြုကျင့်မှုအပါအဝင် ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခံထားရသည့် အဆိုတော်အစ္စဏီကို ယနေ့(ဇွန် ၁၃ရက်) ရန်ကုန်မြို့၊ တာမွေမြို့နယ်တရားရုံး၌ နှစ်ရက်ဆက်ရုံးထုတ်ခဲ့သည်။ ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ ၇ဦးမြောက်အဖြစ် အမှုစစ်ရဲအရာရှိတစ်ဦးကို စစ်ဆေးခဲ့သည်။ အမှုစစ်ဆေးချက်အရ အမှန်တရားပေါ်ပေါက်လာသလို အစ္စဏီအတွက်လည်း အကောင်းဘက်မှာ ရှိနေကြောင်း ၄င်း၏ရှေ့နေ ဦးကျော်ဇင်ဦးက ပြောသည်။ အဆိုပါအမှုတွင် တရားလို စူးရှထက်ဘက်မှ သက်သေ လူပုဂ္ဂိုလ် ၁၀ဦးကျော်ကို တရားရုံးသို့ တင်သွင်းထားသည်။
No comments:
Post a Comment