Pages

Wednesday, June 19, 2019

အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်တွင် မော်တော်ဘုတ်တစီးနစ်မြုပ်၊ ၁၇ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ မော်တော်ဘုတ်တစီး နစ်မြုပ်ခဲ့လို့ ကလေး ၄ ယောက် အပါအဝင် လူ ၁၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ အစိုးရအရာရှိ တယောက်က ဇွန်လ ၁၈ ရက်မှာ ပြောပါတယ်။ ၃၃ ပေရှည်တဲ့ သစ်သားလှေပေါ်မှာ လူ ၅၇ ယောက် တင်လာခဲ့ပြီး အရှေ့ဂျာဗားခရိုင်ရဲ့ ဆူမဲနက်ပ်ကမ်းလွန်မှာ ကြီးမားတဲ့လှိုင်းတွေရိုက်တာ ခံခဲ့ရတာလို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရ သိုလစ်ဘ်က ပြောပါတယ်။



ကယ်ဆယ်ရေးအဖွဲ့တွေက ခရီးသည် ၃၉ ယောက်ကို ကယ်နိုင်ခဲ့ပြီး ပျောက်ဆုံးသူ တယောက်ကို ရှာနေတယ်လို့ သူက ပြောပါတယ်။

ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းမှု စံချိန်စံညွှန်းတွေ လျော့ရဲနေပါတယ်။

လူတွေ မတန်တဆတင်ဆောင်လို့ ကုတို့ယာဉ် မတော်တဆမှုတွေ ခဏခဏ ဖြစ်လေ့ရှိပါတယ်။

မနှစ်ကလည်း ဆူမားတြားကျွန်းပေါ်က ကမ္ဘာ့အနက်ဆုံး မီးတောင်ရေကန် တိုဘာထဲမှာ ခရီးသည် အယောက် ၂၀၀ ကျော် တင်လာတဲ့ ကုတို့ယာဉ်တစီး နစ်မြုပ်ခဲ့ဖူးပါတယ်။

ဒါကြောင့် လူ ၁၈ ယောက် ရှင်သန်ကျန်ရစ်ပြီး အယောက် ၂၀၀ နီးပါး ရေနစ်သေဆုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

No comments:

Post a Comment