Pages

Friday, June 21, 2019

ရီးရဲလ်ကွင်းလယ်လူ အယ်လ်လိုရန်တေးကို ယူရိုသန်း ၄၀ ဖြင့် အက်သလက်တီကို ခေါ်ယူ

ရီးရဲလ်အသင်းမှစပိန် ကွင်းလယ်လူ မားကို့စ်အယ်လ်လို ရန်တေးကို ပြိုင်ဘက်အက်သ လက်တီကိုက ယူရိုသန်း ၄၀ ဖြင့် ငါးနှစ်စာချုပ်ခေါ်ယူရန် သဘော တူညီမှုရခဲ့သည်။ အယ်လ်လိုရန်တေး (၂၄) နှစ်သည် အက်သလက်တီကိုနှင့် ငါးနှစ်စာချုပ် မချုပ်မီဆေးစစ်မှု ခံယူရမည်ဖြစ်သည်။ အက်သ လက်တီကိုက ပရီးမီးယားလိဂ်ချန် ပီယံမန်စီးတီးသို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည့် စပိန်လက်ရွေး စင် ရိုဒရီ၏ နေရာ၌ အစားထိုးရန် ၎င်းကိုခေါ်ယူခြင်းဖြစ်သည်။



အက်သလက်တီကိုသည် ပေါ်တို နောက်ခံလူဖီးလစ်ကို ခေါ် ယူထားပြီး ဘင်ဖီကာမှ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဂျာအိုဖီးလစ်ကို ခေါ်ယူရန်ပြင်ဆင်နေသည်ဟု သ တင်းထွက်ပေါ်နေသည်။

အက်သလက်တီကိုမှ ဒီယေ ဂို ဂိုဒင်၊ ဟွန်ဖရန်၊ လူးကပ်စ်ဟာ နန်ဒက်ဇ်နှင့် အန်တိုနီယိုဂရစ်ဇ် မန်းတို့အပါအဝင် ထင်ရှားသော ကစားသမားများ ထွက်ခွာမည် ဖြစ်သည်။

ပြိုင်ဘက်ရီးရဲလ်ကလည်း ဟာဇက်၊ လူကာဂျိုဗစ်၊ ဖာလန် မန်ဒီစသောကစားသမားသစ်များ ကိုခေါ်ယူကာ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ခြေသွက်နေ သည်။ အယ်လ်လိုရန်တေးသည် ပြီးခဲ့သည့်ရာသီက ရီးရဲလ်၌ လာလီဂါခုနစ်ပွဲသာကစားခဲ့ပြီး ၎င်းသည် ၂၀၁၆-၁၇ ရာသီက အလာဗတ်စ်တွင် လာလီဂါ၌ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သည်။

No comments:

Post a Comment