Pages

Saturday, June 15, 2019

အွန်လိုင်းရုပ်သံအစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် စတင်

ဘောလုံးပွဲများပြသ မည့်မိမိတို့၏ အွန်လိုင်းပလက် ဖောင်းအသစ်တွင် လာမည့်ရာသီ၌ ဂျာမနီလိဂ်ပွဲစဉ်များ ပြသမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ပြောသည်။ www.uefa.tv ဝက်ဘ်ဆိုက် သည် ချန်ပီယံလိဂ်ပွဲများ၏ အ ကောင်းဆုံးအပိုင်းများ ဖြတ် တောက်ပြသမှု အပါအဝင် တိုက် ရိုက်ပွဲစဉ်နှင့် ဗီဒီယိုများကို ပိုမို ကြည့်ရှုခွင့်ရရှိစေမည်ဟု ယူအီး အက်ဖ်အေက ပြောသည်။ ကမ္ဘာတစ်ဝန်းရှိ လူငယ် ပရိသတ်များဆီသို့ ပိုမိုရောက်ရှိ စေရေး အွန်လိုင်းဝန်ဆောင်မှု များ ထပ်မံဖော်ထုတ်မည်ဟုမျှော် လင့်ရသည်။



 ဒစ်ဂျစ်တယ်လောက၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲ တိုးတက်နေပြီး မိမိတို့အနေဖြင့် မျက်ခြည်မပြတ်ဘဲ တုံ့ပြန်နိုင် သော အနေအထားတွင် ရှိရမည် ဟု ယူအီးအက်ဖ်အေဥက္ကဋ္ဌ အ လက်ဆန်းဒါးစီဖီရင်က ပြော သည်။

ဗြိတိန်၊ အီတလီ၊ ရုရှား၊ စပိန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကအပါအဝင် ရုပ်သံဈေးကွက်များတွင် ဘွန်ဒက်စ်လီဂါမှ စနေ၊ တနင်္ဂနွေပွဲစဉ်များ ဖြတ်တောက်ပြသမှု (Highlight) များကို uefa.tv တွင် ပြသမည်ဖြစ်သည်။ မိမိတို့၏ အစီအစဉ်သည် ရုပ်သံလိုင်းများနှင့် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ရုပ်သံများကို အားဖြည့် မည်ဟု UEFA က ပြောသည်။

No comments:

Post a Comment