Pages

Saturday, June 22, 2019

အီရန်ကို လက်တုံ့ပြန်တိုက်ခိုက်မည့်အစီအစဉ် ဖျက်သိမ်းခဲ့ဟု သမ္မတထရမ့်ပြော

အီရန်ပြည်သူတွေ အသက်ချမ်းသာရေးအတွက် လက်တုံ့ပြန် တိုက်ခိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ဇွန် ၂၁ ရက်နေ့က ပြောပါတယ်။ အဲဒီတိုက်ခိုက်မယ့် အစီအစဉ်ဟာ လူ ၁၅၀ လောက် သေဆုံးနိုင်တယ်လို့ အိမ်ဖြူတော် အင်တာဗျူးမှာ  ထရမ့်က ဆိုပါတယ်။ အမေရိကန် ဒရုန်းလေယာဉ်ကို ပစ်ချခဲ့တာနဲ့ ပတ်သက်လို့ အီရန်နိုင်ငံက နေရာ ၃ ခုကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပြီး နောက်ပိုင်းမှာ သမ္မတ ထရမ့်က ဖျက်သိမ်းခဲ့တာပါ။



အီရန် စစ်တပ်က အမေရိကန် ဒရုန်းလေယာဉ်ကို နိုင်ငံတကာ ဥပဒေချိုးဖောက်တယ်လို့ ပြောခဲ့ပြီး အမေရိကန်ဘက်ကတော့ ဒရုန်းဟာ နိုင်ငံတကာ လေပိုင်နက်ထဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ဒရုန်းလေယာဉ်ကို အီရန် ပစ်ချတဲ့ ကိစ္စဟာ ကာလရှည်ရန်သူ နှစ်နိုင်ငံအကြား  စစ်ရေးအရ တိုက်ရိုက်အရေးယူမယ့် စိုးရိမ်စိတ်တွေ ဖြစ်စေခဲ့ပြီး ရေနံဈေးနှုန်းဟာလည်း  ၁ ရာခိုင်နှုန်းကျော် မြင့်တက်ကာ ရေနံစိမ်း တစည်ကို အမေရိကန် ဒေါ်လာ ၆၅ ဒေါ်လာ အထက် ရောက်ခဲ့ပါတယ်။

No comments:

Post a Comment