လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောလိုက်ပါတယ်။ ဒီကနေ့ ညနေပိုင်းက နေပြည်တော်မှာ သတင်းမီဒီယာတွေ ရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မူးမြို့နယ် မဲဆန္ဒနယ် က ဝင်ပြိုင်ခဲ့သလို ၊ ဦးဝင်းမြင့်ကလည်း တာမွေမဲဆန္ဒနယ်က ဝင်ပြိုင်ခဲ့တာပါ။
No comments:
Post a Comment