Pages

Tuesday, June 25, 2019

မိတ္ထီလာမြို့နယ်တွင် ရေတွင်းတူးရာမှ ရေမထွက်ဘဲ ဂတ်စ်များထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာလာမြို့နယ် ဂွေ့အိုင်ကျေးရွာအုပ်စု ဘုန်းအိုးကျေးရွာအရှေ့ဘက်ရှိ ယာခင်းအတွင်း ရေတွင်းတူးရာမှ ရေအထွက်နည်းပြီး လေများထွက်နေ၍ မီးနှင့်စမ်းသပ်ကြည့်ရာမှ မီးတောက်လောင်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ မိတ္ထီလာမြို့ ဂွေ့အိုင်ကျေးရွာအုပ်စု ဘုန်းအိုးကျေးရွာနေ ဦးနက်ပုတောင်သူလုပ်ကိုင်သူမှ ကျေးရွာအရှေ့ဘက်ရှိ ၎င်းပိုင်ယာခင်းအတွင်း စိုက်ခင်းရေအသုံးပြုရန် ဇွန်လဆန်းမှစတင်ပြီး တရွာတည်းနေ ရေတွင်းတူးလုပ်ကိုင်သူများငှားရမ်း၍တူးဖော်ခဲ့ရာ
အနက်ပေ ၈၀ အရောက် ရေထွက်နည်း၍ရပ်နားခဲ့ပြီး ၁၀ ရက်ခန့်အကြာ ပြန်လည်ဆက်လက်တူးဖော်ခဲ့ရာ အနက်ပေ ၁၄၀ ခန့်အရောက် ရေမှုတ်တင်ကြည့်ရာ လေသံများကြားရပြီး ရေမလိုက်ဘဲရှိနေသဖြင့် ဆက်လက်တူးဖော်ခဲ့စဉ် အနက်ပေ ၁၈၀ ခန့် အရောက် ရေထွက်နှုန်းထက် လေများပိုမိုထွက်နေ၍ ရေတွင်းတူးဖော်သူများ ဆက်လက်မတူးဖော်ရဲသဖြင့် ရပ်နားခဲ့ရကြောင်း သိရသည်။

တူးဖော်ထားသောရေတွင်းမှ ရေအလိုက်နည်းပြီး လေများပိုမိုထွက်လာသဖြင့် ဦးနက်ပု၏ညီဖြစ်သူ ဦးခင်ဇော်မှ ဂက်စ်မီးခြစ်နှင့် ၎င်းလေအားစမ်းသပ်ကြည့်ရာ မီးတောက်လောင်ခဲ့ပြီး ဦးနက်ပု ကျွတ်စအားတုတ်တွင်ပတ်၍ မီးရှို့စမ်းသပ်ရာတွင်လည်း ၎င်းလေများမှမီးတောက်လောင်ခဲ့ကြောင်း၊ လက်ရှိတွင် ရေတွင်းကိုဆက်မတူးဘဲ ရပ်နားခဲ့ပြီး ယခုအချိန်ထိ ဂတ်စ်များထွက်နေဆဲဖြစ်ကြောင် သိရသည်။

No comments:

Post a Comment