Pages

Tuesday, June 18, 2019

ယူဂန်ဒါတွင် အီဘိုလာရောဂါ ကာကွယ်ဆေးများ စတင်ဖြန့်ဝေ

ယူဂန်ဒါနိုင်ငံမှာ အီဘိုလာရောဂါ ကာကွယ်ဆေးတွေ စဖြန့်ပေးနေပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) နဲ့ ယူဂန်ဒါ ကျန်းမာရေး တာဝန်ရှိသူတွေက ဇွန် ၁၆ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က အီဘိုလာရောဂါကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်ရွယ် ကလေးတယောက်ဆီမှာလည်း အီဘိုလာရောဂါပိုး စစ်ဆေးတွေ့ရှိထားပါတယ်။ ဒါ့ကြောင့် ရောဂါရှင်နဲ့ ဆက်နွှယ်တဲ့ ဆွေမျိုးသားချင်းတွေကိုလည်း ကာကွယ်ဆေး ထိုးပေး ခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိသူ အဲဒီသုံးယောက်စလုံးဟာ ကွန်ဂိုနိုင်ငံကနေ ရောက်လာခဲ့ကြတာပါ။


ဒါဟာ ကွန်ဂိုနိုင်ငံမှာ  အီဘိုလာရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၁၈ သြဂုတ်လကတည်းက အိမ်နင်းချင်း ယူဂန်ဒါနိုင်ငံကို နယ်စပ်ဖြတ်ကျော် ကူးစက်လာတဲ့ ပထမဆုံးဖြစ်ရပ်ပါ။

အီဘိုလာ အရေးပေါ်အခြေအနေ ကြေညာလိုက်မယ်ဆိုရင် နိုင်ငံစီးပွားရေး ထိခိုက်နိုင်လို့ ရောဂါပိုးဟာ ကွန်ဂိုကနေ ယူဂန်ဒါကို ကူးစက်ပျံ့နှံ့လာခဲ့ပေမယ့် နိုင်ငံတကာအရေးပေါ် အခြေအနေ မကြေညာသေးဖို့ WHO အဖွဲ့အစည်းအဝေးက ဇွန် ၁၄ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက လက်ရှိအချိန်ထိ သေဆုံးသူ ၁၄၀၀ ကျော် ရှိလာပြီး သမိုင်းမှာ ဒုတိယအဆိုးဆုံး ကူးစက်မှု ဖြစ်လာခဲ့တာပါ။ အီဘိုလာရောဂါ လက္ခဏာတွေဟာ အပြင်းဖျားတာ၊ ဆိုးဆိုးရွားရွား အော့အန်တာ၊ ၀မ်းလျောတာနဲ့ သွေးထွက်များတာဖြစ်ပြီး ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေဆင့် ရောဂါကူးစက်နိုင်ပါတယ်။

No comments:

Post a Comment