Pages

Thursday, June 20, 2019

မန်ယူမှ လူကာကူထွက်ခွာရမည်ဟု ဘယ်လ်ဂျီယံနည်းပြပြောကြား

မန်ယူတိုက်စစ်မှူး လူကာကူသည် အသင်းမှ ထွက် ခွာရမည်ဖြစ်ကြောင်း ဘယ်လ်ဂျီ ယံနည်းပြ ရောဘတ်တိုမာတီ နက်ဇ်က ပြောကြားသည်။ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ (၂၆) နှစ်သည် ၂၀၁၇ ဇူလိုင်က ပေါင် ၇၅ သန်းဖြင့် အဲ ဗာတန်မှ မန်ယူသို့ပြောင်းလာကာ အိုးလ်ထရက်ဖို့ဒ်တွင် ၉၆ ပွဲ၌ ၄၂ ဂိုးသွင်းယူထားသည်။ နည်းပြဆိုးလ်ရှား လက် အောက်တွင် ထိပ်တန်းအဆင့်မ ရောက်ဖြစ်ခဲ့ပြီးနောက် ဘယ်လ် ဂျီယံ၏ စံချိန်တင်ဂိုးသွင်းရှင်သည် ယခုနွေရာသီ၌ မန်ယူမှထွက်မည် ဟု သတင်းထွက်နေသည်။



‘‘အခုအခါ လူကာကူဟာ မှန်ကန်တဲ့ ကလပ်ကို ရှာဖွေဖို့အ ရေးကြီးပါတယ်’’ ဟု မာတီနက်ဇ် က ဘယ်လ်ဂျီယံသတင်းစာ Het Laatste Nieuws အားပြောကြား သည်။

၎င်းအသင်းပြောင်းခြင်းက အသင်းအတွက်ရော လူကာကူ အတွက်ပါ ကောင်းသောကိစ္စဖြစ် မည်ဟု မာတီနက်ဇ်က ဖြည့်စွက် ပြောကြားသည်။ အဲဗာတန်တွင် လူကာကူနှင့်လက်တွဲခဲ့သော မာ တီနက်ဇ်သည် လက်ရှိ၌ လက် ရွေးစင်အသင်းကို ကိုင်တွယ်နေ ပြီး မန်ယူမှလူကာကူထွက်ခွာရ မည်ဆိုသည်မှာ ရှင်းနေသည်ဟု ပြောကြားသည်။

အင်တာမီလန်သို့ ပြောင်း မည်ဟု သတင်းထွက်နေသော လူကာကူသည် မန်ယူနှင့် ၂၀၂၂ အထိ စာချုပ်ချုပ်ဆိုထားသည်။ စကော့တလန်ကို ၃-၀ ဂိုးဖြင့် ဘယ်လ်ဂျီယံက နိုင်ခဲ့သော ယူရို ၂၀၂၀ ခြေစစ်ပွဲအပြီးတွင် အနာ ဂတ်နှင့်ပတ်သက်၍ မေးမြန်းရာ  လူကာကူက ‘‘ကျွန်တော်ဘာလုပ် မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ပြောပြမှာမဟုတ်ပါဘူး။ ကျွန် တော်တို့ စောင့်ကြည့်ရအောင်ပါ’’ ဟု ပြောကြားသည်။

No comments:

Post a Comment