Pages

Saturday, June 15, 2019

ပုဂံဒေသယူနက်စကိုဝင်ရေး လှုပ်ရှားမှုများစတင် ယူနက်စကိုဝင်ရေး ဆုံးဖြတ်မည့်အစည်းအဝေး တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဇွန်လ ၂၉ ရက် သွားရောက်မည်

ရှေးဟောင်းမြို့တော် ပုဂံဒေသကို ယူနက်စကို၏ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ရေး ပုဂံ ဒေသခံများက ယမန်နေ့တွင် လှုပ် ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။ ယူနက်စကိုဝင်ရေးလှုပ်ရှား မှုအဖြစ် ပုဂံဒေသရှိ ဧည့်လမ်းညွှန် များဦးဆောင်၍ လူ ၁၀၀ ကျော်က‘We Want World Heritage For Bagan’ ဟု ရေးသားထားသော ဗီနိုင်းကို ကိုင်ဆောင်ကာ အသိပညာပေးခြင်းနှင့် တာမဏီသိမ် ကျောင်းအနီး အမှိုက်ကောက်ခြင်း ပြုလုပ်ခဲ့သည်။


‘‘ဒေသခံတွေကတော့ တော် တော်လေးစိတ်လှုပ်ရှားနေကြပြီ။ ယူနက်စကိုအရမ်းဝင်ချင်နေကြ တယ်’’ဟု ပုဂံဒေသ ဧည့် လမ်းညွှန် ကိုနိုင် ထွန်းက ပြောသည်။ ဇွန်လ ၂၂ ရက်တွင် အင်အားအများ အပြားဖြင့် ထပ်မံပြုလုပ်မည်ဖြစ် ကြောင်း​ ၎င်းက ဆက်လက်ပြော ကြားသည်။

ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်၊ မဝင် လာမည့် ဇူလိုင်လဆန်းတွင် သိရမည်ဖြစ်သည်။ အဇာဘိုင်ဂျန်နိုင်ငံ ၌ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ်ကော်မတီအစည်းအဝေးကို ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက် အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းအ စည်းအဝေး၌ ပုဂံယူနက်စကိုဝင် ရေးဆုံးဖြတ်မည်ဖြစ်သည်။

ထို့ကြောင့် အစည်းအဝေး တက်ရောက်ရန် မြန်မာကိုယ်စား လှယ်အဖွဲ့ ဇွန်လ ၂၉ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ညွှန်ကြားမှုဦးစီးဌာန (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင် ကျော်က ပြောသည်။

‘‘ဝင်ရမယ်လို့ ဆုံးဖြတ်ထား တယ်။ ပုဂံစာရင်းမဝင်ရင် ပြန်မ လာဘူးဗျာ။ ဆုံးဖြတ်မှာတော့ ဇူလိုင် ၅ ရက်၊ ၆ ရက်၊ ၈ ရက်က တစ်ရက်ပဲလို့ သိရတယ်’’ ဟု ယူနက်စကိုအစည်းအဝေးတက် ရောက်မည့် ဦးအောင်အောင် ကျော်က ပြောသည်။

အစည်းအဝေးတက်ရောက် ရန် ကိုယ်စားလှယ်နှစ်ဖွဲ့ခွဲ၍ သွားရောက်မည်ဖြစ်ပြီး ဒုတိယအ သုတ်အနေဖြင့် လူ ၃၀ ကျော် ပါသော အဖွဲ့က ဇူလိုင် ၄ ရက်တွင် သွားရောက်မည် ဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ပြော သည်။ အဆိုပါအဖွဲ့တွင် အနုပ ညာရှင်များလည်း ပါဝင်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရန် တင်သွင်းထားသော ရှေး ဟောင်းမြို့တော် ပုဂံဒေသကို နိုင်ငံတကာအထိမ်းအမှတ် အ ဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ ICO-MOS အဖွဲ့မှ ပညာရှင်တစ်ဦးက ၂၀၁၈ စက် တင်ဘာတွင် လာရောက်စစ်ဆေး ခဲ့သည်။

ရှေးဟောင်းမြို့တော် ပုဂံ ဒေသ ယူနက်စကိုစာရင်းဝင်ရေး ၂၀၁၈ ဇန်နဝါရီ ၂၅ ရက်က အပြီး သတ်အဆိုပြုလွှာ တင်သွင်းခဲ့ သည်။ ပုဂံဒေသကို စီမံခန့်ခွဲမှု အပိုင်းများ၊ စေတီပုထိုးအရေအ တွက်၊ ကျောက်စာ၊ မင်စာနှင့် နံရံဆေးပန်းချီအရေအတွက်၊ ပုဂံဒေသရှိ ဘုရားပွဲတော်များအကြောင်း အပါအဝင် စာမျက်နှာ ၂,၀၀၀ ခန့် ရေးသားပြီး ပြင်သစ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်စင်တာသို့ ပေးပို့ ခဲ့သည်။

ယခင်က ရှေးဟောင်းမြို့ တော် ပုဂံဇုန်ဧရိယာသည် စတု ရန်းဧက ၂၇,၉၇၀ သာ ကျယ်ဝန်း ပြီး ယူနက်စကိုစာရင်းတင်သွင်း ရာတွင် ယခင်ထက် ဧကနှစ် သောင်းခန့်တိုးချဲ့ကာ ၄၈,၀၉၉ စတုရန်းဧကအထိ တိုးချဲ့တင် သွင်းထားသည်။

No comments:

Post a Comment