Pages

Saturday, June 15, 2019

ဖြတ်မောင်းသွားသည့်ကားများ အရှိန်လျှော့စေရန် အိမ်ရှေ့တွင်အရိုးစုရုပ်များချထားသည့် အမျိုးသမီး

Image may contain: people sitting and outdoorကားကို အရှိန်အပြည့်တင်ပြီး မောင်းပါက မောင်းသူရော၊ လမ်းသွား လမ်းလာများသာမက ယင်းအနီးတစ်ဝိုက် နေသူများအတွက်ပါ အသက်အန္တရာယ်ရှိ သည်။ ထို့ကြောင့် အမေရိကန်ပြည် ထောင်စုလမ်းမတန်းတွင် နေထိုင်သည့်အ မျိုးသမီးတစ်ဦးက အရိုးစုအရုပ်နှစ်ခုကို အိမ်ရှေ့တွင် ချထားလိုက်တော့သည်။ ]အရှိန်လျှော့ပါ] ဟူသော ဆိုင်းဘုတ်ကို ကိုင်ထားသည့် အရိုးစုနှစ်စုက ထိုင်ခုံတွင် ထိုင်နေပြီး ကားများကို အရှိန်လျှော့စေရန်လက်ဖြင့်လှမ်းတားနေသည်။
အမျိုးသမီး ၏အိမ်သည် လမ်းကွေ့တစ်နေရာတွင် တည်ရှိနေသဖြင့် ယင်းကွေ့ကို အရှိန်ပြင်း ပြင်းဖြင့် ကွေ့လိုက်လျှင် ကားမောင်းသူ သာမက အနီးနားနေသူများအတွက်ပါ အန္တရာယ်ကြီးလှသည်။ ယင်းလမ်းတွင် ကွေ့မောင်းသူများ အရှိန်လျှော့မမောင်း သဖြင့် ကိုလင်းတောင်နီဆိုသည့် အမျိုး သမီးမှာစိတ်ပျက်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် လင်းက ယင်းအကြံရသွား ခြင်းဖြစ်သည်။ ထိုအရိုးစုတို့သည် အွန် လိုင်းတွင်ပါ နာမည်ကြီးသွားတော့သည်။ ယာဉ်မောင်းသူများသည် ယာဉ်မတော်တ ဆမှု ကြီးကြီးမားမားနှင့် မကြုံရမချင်း မိမိ ကိုယ်မိမိအထင်တကြီးဖြင့် ကားကို အ ရှိန်အပြည့်တင်မောင်းလေ့ရှိကြသည်။ ယာဉ်မတော်တဆမှုကြောင့် အရွယ် ကောင်းများ ကြွေလွင့်နေကြရသည်။ အိန္ဒိ ယတွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆ မှုများအနက် ၆၇ ရာခိုင်နှုန်းနီးပါးမှာ အ ရှိန်လွန်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။

No comments:

Post a Comment