Pages

Monday, June 17, 2019

ရေတာရှည်မြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Image may contain: tree, sky, plant, outdoor and natureပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်း ဇွန် ၁၅ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဆွာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ငါးကြီးကွေ့ကျေးရွာအုပ်စု၊ ထောက်ကြန့်ကွင်းကျေးရွာနှင့် ဆွာမင်းလမ်း ကျေးရွာအုပ်စု၊ သရက်တောကျေးရွာများရှိ ဒေသခံပြည်သူများ၏ နေအိမ် ၁၈ လုံးပြိုလဲခြင်း၊ အမိုးလန်နေအိမ်ငါးလုံး၊ စာသင်ကျောင်းနှစ်ကျောင်းနှင့် ဇရပ်တစ်ဆောင် မျက်နှာကြက် ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်း ကျိုးကျခြင်းများဖြစ်ပေါ်ခဲ့သည်။


အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ဇွန် ၁၅ ရက်မှ ယနေ့အထိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်း၊ လန်ကျခဲ့သော အမိုးသွပ်များပြန်လည် ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment